ဆားလင်းကြီးမြို့နယ်နှင့် ယင်းမာပင်မြို့နယ်က ရွာပေါင်းစုံ သပိတ်စစ်ကြောင်း

ဆားလင်းကြီးမြို့နယ်နှင့် ယင်းမာပင်မြို့နယ်က ရွာပေါင်းစုံ သပိတ်စစ်ကြောင်း

နိုဝင်ဘာ ၉

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းတွင်ရှိသော ကျေးရွာများစုပေါင်း၍ ယနေ့ နိုဝင်ဘာ ၉ ရက်တွင် ချီတက် ဆန္ဒပြကြသည်။

ယနေ့ ချီတက်ဆန္ဒပြရာတွင် ရွာပေါင်းစုံသပိတ်စစ်ကြောင်းအပြင် အမြင့်ကျေးလက်သပိတ်ဦးဆောင်သူများမှ ပူးပေါင်းချီတက်ခဲ့ကြသည်။ စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြမှု ၂၄၄ ရက်မြောက် အဖြစ် ချီတက်ကြခြင်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly