ပိုက်လိုင်းတည်ဆောက်ရေး အခြေခံအဆောက်အအုံ စီမံကိန်းကြီးအတွက် အိန္ဒိယအစိုးရက ပုဂ္ဂလိက ကဏ္ဍများကို ဖိတ်ခေါ်

By Saudi Gazette
08 November 2021
ပိုက်လိုင်းတည်ဆောက်ရေး အခြေခံအဆောက်အအုံ စီမံကိန်းကြီးအတွက် အိန္ဒိယအစိုးရက ပုဂ္ဂလိက ကဏ္ဍများကို ဖိတ်ခေါ်

စီးပွားရေးတိုးတက်စေရန် ကြိုးပမ်းနေသည့် အိန္ဒိယအတွက် အရည်အသွေးမြင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးသည် နိုင်ငံ၏ ဦးစားပေးအစီအစဉ်တစ်ခု ဖြစ်လာသည်။ တိုင်းပြည်တွင် ပထမဆုံးဖြစ်သော နိုင်ငံအဆင့် အခြေခံအဆောက်အအုံ ပိုက်လိုင်း (NIP) အကြီးစား စီမံကိန်းကြီး၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် အိန္ဒိယအစိုးရက နို်ငငံသားများအတွက် ကမ္ဘာ့အဆင့် အခြေခံအဆောက်အအုံထူထောင်ရန်နှင့် ပြည်သူတို့၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရန် နည်းလမ်းရှာဖွေ ဆောင်ရွက်လျက်ရှိသည်။

ပုဂ္ဂလိက ကဏ္ဍ ကြီးမားစွာ တိုးတက်လာနိုင်သည့် အခြေအနေကြောင့် အစိုးရက အခြေခံအဆောက်အအုံ နယ်ပယ်တွင် အပြောင်းအလဲတစ်ရပ် ဖြစ်စေရေးအတွက် လာမည့်နှစ်များအတွင်း ကဏ္ဍအများအပြားတွင် ပုဂ္ဂလိက လုပ်ငန်းရှင်များကို ဖိတ်ခေါ်ရန် ရည်ရွယ်ထားသည်။ ၂၀၁၉-၂၅ ဘဏ္ဍာနှစ်အတွက် NIP သည် စီမံကိန်း ပြင်ဆင်ရေး တိုးတက်ရေးနှင့် အခြေခံအဆောက်အအုံကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများကို စွဲဆောင်ရန် ရည်ရွယ်ထားသည်။

လုပ်ငန်းအစီအစဉ်၏ အစိတ်အပိုင်း အသီးသီးကို အသေးစိတ်လေ့လာသုံးသပ်ပြီးနောက် သက်ဆိုင်သည့် အဖွဲ့အစည်းများအတွက် အပြုသဘော တုံ့ပြန်မှုအဖြစ် ဝန်ကြီးချုပ် နာရင်ဒရာမိုဒီက ရင်းဂစ် ကုဋေပေါင်း သိန်း ၁၁၀ တန်ဖိုးရှိ NIP စီမံကိန်းကို အိန္ဒိယနိုင်ငံ၏ ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ကြေညာခဲ့သည်။

အိန္ဒိယ၏ ကုန်ထုတ်လုပ်မှုကဏ္ဍအောင်မြင်ရေးနှင့် ‘အိန္ဒိယတွင် ပြုလုပ်သည်’ ရည်မှန်းချက် အောင်မြင်ရေးတို့သည် နိုင်ငံ၏ အခြေခံအဆောက်အအုံ ကျောရိုးမပေါ်တွင် များစွာ မူတည်နေသလို အစိုးရ၏ ပုံမှန် ပါဝင်ဆောင်ရွက်ပေးမှု၊ ငွေကြေးထည့်ဝင်သုံးစွဲမှုနှင့် စီမံကိန်းများကို မျက်ခြေမပြတ် စောင့်ကြည့်ရေးတို့လည်း လိုအပ်နေသည်။

မြို့ပြဖွံ့ဖြိုးလာခြင်း၊ အလုပ်လုပ်နိုင်သည့် အသက်အရွယ်ရှိသူများပြားလာခြင်း၊ ဝန်ဆောင်မှုအခြေပြု စီးပွားရေးသို့ ပြောင်းလဲလာခြင်းနှင့် ရာသီဥတု ပြောင်းလဲမှုတို့သည် အိန္ဒိယ၏ ကိုယ့်အားကိုယ်ကိုးရေး ရည်ရွယ်ချက် အကောင်အထည်ပေါ်လာစေရန် နိုင်ငံ၏ အခြေခံအဆောက်အအုံကဏ္ဍကို ထပ်မြင်အားဖြည့်ရန် လိုအပ်စေသည့် အကြောင်းအရာအချို့ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly