လုံခြုံရေးဆိုင်ရာ အန္တရာယ်ကြောင့် China Telecom လိုင်စင်ကို အမေရိကန်က ပြန်ရုပ်သိမ်း

လုံခြုံရေးဆိုင်ရာ အန္တရာယ်ကြောင့် China Telecom လိုင်စင်ကို အမေရိကန်က ပြန်ရုပ်သိမ်း

နိုင်ငံတော်လုံခြုံရေးဆိုင်ရာ အန္တရာယ်များနှင့်အတူ တရုတ်ကုမ္ပဏီများက အမေရိကန်၏ အဓိကကွန်ရက်များ ထိုးဖောက်ဝင်ရောက်မှုကို တန်ပြန်ရန် China Telecom လိုင်စင်ကို အမေရိကန်က ရုပ်သိမ်းခဲ့သည်။

အဆိုပါ ဆုံးဖြတ်ချက်ကို အမေရိကန်ပြည်ထောင်စု ဆက်သွယ်ရေး ကော်မရှင် (FCC) မှ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပြီး နှစ်ပေါင်းများစွာ တင်းမာမှုများ မြင့်တက်လာပြီးနောက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့က ဆက်သွယ်ရေး လမ်းကြောင်းများ ပြန်လည် တည်ဆောက်မည်ဟု ကတိပြုပြီး မကြာမီ အရေးကြီးသော အချိန်တွင် ယင်းကိစ္စဖြစ်ပေါ်လာခြင်း ဖြစ်သည်။

သမ္မတဘိုင်ဒင် အစိုးရက တရုတ်နိုင်ငံကို မကူညီတော့ဘူးဆိုတာ ရှင်းရှင်းလင်းလင်းဖော်ပြနေသည်ဟု HK Post က ဖော်ပြခဲ့သည်။

FCC ၏ အဆိုအရ China telecom သည် တရုတ်ကွန်မြူနစ်ပါတီ (CCP) အစိုးရမှ ထိန်းချုပ်မှု၊ လွှမ်းမိုးမှုနှင့် အမြတ်ထုတ်မှုအောက်တွင်ရှိပြီး အချက်အလက်ရယူရန် တရုတ်အစိုးရ၏ တရားမဝင် ဖိအားပေး တောင်းဆိုမှုများကို လိုက်လျောနိုင်သည့် အခြေအနေများစွာရှိနေခြင်းသည် အမေရိကန်အတွက် ကြီးမားသော လုံခြုံရေးဆိုင်ရာ စိုးရိမ်စရာ ဖြစ်လာနိုင်သည်။

တရုတ်က ၂၀၁၇ခုနှစ်တွင် နို်ငငံတော်လုံခြုံရေးဥပဒေကို ပြဌာန်းထားသောကြောင့် အမေရိကန်၏ လုပ်ရပ်များ သည် တရားမျှတသည်ဟု ပြောနိုင်ကြောင်း HK Post က ဖော်ပြသည်။

ယင်းဥပဒေကို ၂၀၁၇ ခုနှစ် ဇွန်လ ၂၇ ရက်တွင် အတည်ပြုခဲ့ပြီး ၂၀၁၇ ခုနှစ် ဇွန်လ ၂၈ ရက်တွင် စတင်အသက်ဝင်ခဲ့သည်။

ယင်းသည် တရုတ်ကွန်မြူနစ်ပါတီအား ထိန်းချုပ်ရန်နှင့် ယင်း၏ အာဏာစက်အောက်ရှိ ကုမ္ပဏီများမှ အချက်အလက်များကို ရယူရန် အခွင့်အာဏာများ ပေးထားပြီး အများစုမှာ နိုင်ငံတကာတွင် လုပ်ကိုင်နေကြ သည်။

အမေရိကန်ဆက်သွယ်ရေးကို ဖြတ်တောက်ရန်၊ နှောက်ယှက်ရန်၊ သိမ်းဆည်းရန်၊ ထိတွေ့ရန်အတွက် ကုမ္ပဏီနှင့် တရုတ်အစိုးရကို အခွင့်အလမ်းများ ပေးထားခြင်းကြောင့် တရုတ်အစိုးရမှ အဆိုပါအဖွဲ့အစည်းအား ပိုင်ဆိုင်မှုနှင့် ထိန်းချုပ်မှုသည် သိသာထင်ရှားသော နိုင်ငံတော်လုံခြုံရေးနှင့် ဥပဒေစိုးမိုးရေးဆိုင်ရာ အန္တရာယ်များကို တိုးမြှင့်စေသည်ဟု စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ ထပ်လောင်းပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly