ဥရောပပါလီမန် ကိုယ်စားလှယ်အဖွဲ့ ထိုင်ဝမ်သို့ ပထမဆုံး တရားဝင်လာရောက်လည်ပတ်

ဥရောပပါလီမန် ကိုယ်စားလှယ်အဖွဲ့ ထိုင်ဝမ်သို့ ပထမဆုံး တရားဝင်လာရောက်လည်ပတ်

ဥရောပပါလီမန်၏ ကိုယ်စားလှယ်အဖွဲ့သည် ထိုင်ဝမ်သမ္မတ၊ ဝန်ကြီးချုပ်တို့နှင့် တွေ့ဆုံရန် ၃ ရက်ကြာ အလည်အပတ်ခရီးစဉ်အဖြစ် ထိုင်ဝမ်သို့ ရောက်ရှိနေကြောင်း Central News Agency (CNA) ကို ကိုးကား၍ Sputnik က နိုဝင်ဘာ ၃ရက်တွင် ဖော်ပြခဲ့သည်။

ဥရောပသမဂ္ဂရှိ ဒီမိုကရက်တစ်လုပ်ငန်းစဉ်များအားလုံး၏ ပြည်ပတွင် ပါဝင်ဆောင်ရွက်ရေးဆိုင်ရာ အထူး ကော်မတီ၏ ကိုယ်စားလှယ်များသည် ယင်းအဖွဲ့တွင် ပါဝင်သည်။

ဥရောပပါလီမန်သည် ထိုင်ဝမ်သို့ တရားဝင်ကိုယ်စားလှယ်အဖွဲ့ကို ယခင်က တစ်ကြိမ်မှ စေလွှတ်ခဲ့ဖူးခြင်း မရှိသေးခြင်းက ယင်းခရီးစဉ်၏ အရေးပါမှုကို အလေးထားဖော်ပြနေကြောင်း CNA ကို ကိုးကား၍ Sputnik က ဖော်ပြခဲ့သည်။

ကိုယ်စားလှယ်အဖွဲ့သည် သမ္မတ စိုင်အမ်ဝမ်၊ ဝန်ကြီးချုပ် စုဆန်းချန်တို့နှင့် တွေ့ဆုံကာ ထိုင်ဝမ်၏ ဒီမိုကရေစီ နှင့် မီဒီယာတွင် ဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းမှုများအကြောင်းနှင့် သတင်းအချက် အလက် အမှားများကို တိုက်ဖျက်သည့် အတွေ့အကြုံများကို ဆွေးနွေးရန် မျှော်လင့်ထားကြောင်း Sputnik က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly