ပင်လည်ဘူးတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အများအပြားသေဆုံး၊ PDFဘက်က ၅ ဦး ကျဆုံးဟုဆို

ပင်လည်ဘူးတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အများအပြားသေဆုံး၊ PDFဘက်က ၅ ဦး ကျဆုံးဟုဆို

နိုဝင်ဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်ရှိ ကျေးရွာများတွင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲများ၌ စစ်ကောင်စီဘက်မှ အယောက် ၄၀ ဝန်းကျင်သေဆုံးကာ ဒေသခံ PDF ပူးပေါင်းတပ်မှ ငါးဦးကျဆုံးခဲ့ကြောင်း Pinlebu-PDF ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယမန်နေ့ နိုဝင်ဘာလ ၅ ရက် နံနက်ပိုင်းတွင် ပင်လယ်ဘူးမြို့နယ် အရှေ့ပိုင်းရှိ မလိမ်းတုံးရွာနှင့် ပင်တုံးကျေးရွာ အနီးတစ်ဝိုက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF တပ်ဖွဲ့ဝင် ငါးဦး ကျဆုံးခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ပွဲမှာ ယနေ့ နိုဝင်ဘာလ ၆ ရက် နံနက်ပိုင်းအထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ စုစုပေါင်း အယောက် ၄၀ ၀န်းကျင် သေဆုံးမှုရှိခဲ့ကြောင်း ၎င်းက ပြောသည်။

“ ကျွန်တော်တို့က ကြိုစောင့်ပြီး တိုက်လိုက်တာ။ ကျွန်တော်တို့ဘက်က လက်နက်ငယ်နဲ့ အရင် ခြုံခိုတိုက်တဲ့သဘောမျိုး။ နောက်ပိုင်းကျ သူတို့ဘက်က အင်အားများနေတာနဲ့ နောက်ကိုပြန်ဆုတ်ပြီး တပ်ဖျောက်လိုက်ရတယ် ” ဟု Pinlebu-PDF၏ တာဝန်ရှိသူက ဆိုသည်။

စစ်ကောင်စီသည် ဖောင်းပြင်၊ ဝန်းသို၊ ကောလင်း၊ ကနီမြို့တို့ ဘက်မှ စစ်ကြောင်း လေးကြောင်း အင်အား ၇၀၀ ဝန်းကျင်ဖြင့် ဆက်လက်ထိုးစစ်ဆင်နေကြောင်း ၎င်းကဆိုသည်။

တိုက်ပွဲဖြစ်ရာ အနီးတစ်ဝိုက်ရှိ ကျေးရွာ ၁၀ ရွာခန့်မှ ပြည်သူများလည်း ထွက်ပြေး‌နေရပြီး စုစုပေါင်းတိမ်း‌ရှောင်နေရသူ ဦးရေ ၅,၀၀၀ ကျော်ခန့်ရှိနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly