သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြားတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

By OAK
06 November 2021
သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြားတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

နိုဝင်ဘာ ၆

မွန်ပြည်နယ်၊ သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြားရှိ ကမာစိုင်ကွက်သစ်အနီးတွင် ကားလေးစီးပါ စစ်ကောင်စီတပ် ယာဉ်တန်းကို နိုဝင်ဘာလ ၆ရက်နံနက် ၉ နာရီက မိုင်းဆွဲတိုက်ခိုက်လိုက်ကြောင်း သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူကပြောသည်။

"ကျွန်တော်တို့ ပြောက်ကျားအနေနဲ့ တိုက်တာပါ။ မိုင်းတစ်လုံးဆွဲခဲ့တယ်။ ပစ်ခတ်မှု အနည်းငယ်တော့ ဖြစ်ခဲ့တယ်။ ကျွန်တော်တို့ဘက်က ပစ်တာ ၅ မိနစ်လောက်တော့ ကြာတယ်။ ဟိုဘက်ကတော့ ပြန်မပစ်ဘူး။ ကားကတော့ မီးလောင်သွားတယ်၊ ဒဏ်ရာရတဲ့သူများတယ်။ အတိအကျကိုတော့ စုံစမ်းနေတုန်းပဲ " ဟု ၎င်းကပြောသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီမှ ဒဏ်ရာရှိမှု အတိအကျကိုမူ မသိရသေးပေ။

တိုက်ခိုက်မှုကို KNLA တပ်မဟာ(၁) ၏ တပ်ရင်း (၂) တပ်ခွဲ (၃) နှင့် သထုံပြည်သူ့ ပြောက်ကျားတပ်ဖွဲ့၊ သထုံပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းကာ မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly