အိန္ဒိယတွင် ကိုဗစ်ကာကွယ်ဆေး Corbevax ကို နိုဝင်ဘာလကုန်၌ စတင်ဖြန့်ဖြူးမည်

အိန္ဒိယတွင် ကိုဗစ်ကာကွယ်ဆေး Corbevax ကို နိုဝင်ဘာလကုန်၌ စတင်ဖြန့်ဖြူးမည်

အိန္ဒိယနိုင်ငံ၏ နိုင်ငံအဝှမ်း ကာကွယ်ဆေးထိုးနေသည့် အစီအစဉ်ကို ဆက်လက် အရှိန်အဟုန်မြှင့်တင်ရန် ကိုဗစ်ကာကွယ်ဆေး Corbevax အား နိုဝင်ဘာလကုန်တွင် ဖြန့်ဖြူးပေးနိုင်မည်ဟု Biological E Limited ကုမ္ပဏီက အောက်တိုဘာ ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။

ဟိုက်ဒရာဘတ်မြို့၌ ပြုလုပ်သည့် အခမ်းအနားတစ်ခုတက်ရောက်ပြီး သတင်းထောက်များအား ခေတ္တပြောဆိုရာတွင် Biological E Limited ၏ အမှုဆောင် ဒါရိုက်တာ မဟီမာအာ ဒတ်တလာက “ဟိုက်ဒရာဘတ်မြို့အခြေစိုက် Biological E Limited အနေနဲ့ မိမိတို့ ထုတ်လုပ်ထားတဲ့ Corbevax ကိုဗစ်ကာကွယ်ဆေးကို ဖြန့်ဖြူးပေးနိုင်ဖို့ ကျွန်မတို့ မျှော်မှန်းထားပြီး စတင်တဲ့ နေ့မှာ ကာကွယ်ဆေးလုံးရေ ၁၀ ကုဋေကို စထုတ်ပေးနိုင်ပါမယ်” ဟု ပြောကြားသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေး Corbevax နှင့် ပတ်သက်၍ နောက်ဆုံးအချက်အလက်များကို နိုဝင်ဘာလကုန်အထိ တင်ပြသွားရမည်ဖြစ်ကြောင်း Biological E ကုမ္ပဏီက အောက်တိုဘာ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အစိုးရက Biological E မှ အောက်တိုဘာမတိုင်မီ အဆင့် ၃ တင်ပြခြင်းကို စောင့်နေကြောင်း၊ ကုန်ကြမ်းများ ဝယ်ယူရရှိနိုင်မှု ကြန့်ကြာသောကြောင့် ကုမ္ပဏီအအနေဖြင့် ယခုကာကွယ်ဆေးကို နိုဝင်ဘာလကုန်တွင် Corbevax အား အရေးပေါ်အသုံးပြုခွင့် လျှောက်ထားရနိုင်ဖွယ်ရှိသည်။

Corbevax သည် အိန္ဒိယနိုင်ငံထုတ် တတိယမြောက် ကိုဗစ်-၁၉ ကာကွယ်ဆေးဖြစ်ပြီး ရှေ့တွင် ထုတ်လုပ်ခဲ့သည့် ဆေး ၂ မျိုးမှာ Covaxin နှင့် ZyCoV-D တို့ဖြစ်သည်။ ဒီဇင်ဘာလမတိုင်မီတွင် နိုင်ငံတွင်း ကိုဗစ်ကာကွယ်ဆေးလုံးရေ ကုဋေ ၃၀ ထိုးနိုင်ရန် အစိုးရက ကြေညာထားသည်။

အိန္ဒိယ၏ ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှုသည် အောက်တိုဘာ ၂၇ ရက်တွင် ၁၀၂ ဒသမ ၈ ကုဋေ ရှိသွားပြီ ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly