တောင်ဒဂုံ အထက ၆ မီးပုလင်းဖြင့် ပစ်ခံရ

By သတင်းနှင့် မီဒီယာ ကွန်ရက်။
05 November 2021
တောင်ဒဂုံ အထက ၆ မီးပုလင်းဖြင့် ပစ်ခံရ

၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၅ ရက်။

အာဏာဖီဆန်မှု မလုပ်သည့် (Non CDM) ဆရာ၊ ဆရာမများရှိနေသည့် တောင်ဒဂုံမြို့နယ်ထဲက အမှတ် ၆ အခြေခံပညာ အထက်တန်းကျောင်း မီးပုလင်းဖြင့် ပစ်ခတ်ခံခဲ့ရသည်ဟု ရပ်ကွက်နေထိုင်သူများက ပြောသည်။

အမှတ်-၆ အခြေခံ ပညာအထက်တန်းကျောင်းသည် တောင်ဒဂုံမြို့နယ် ၅၄ ရပ်ကွက်တွင် တည်ရှိပြီး နိုဝင်ဘာလ ၃ ရက်နေ့ ညနေပိုင်းက မီးပုလင်းဖြင့် ပစ်ခတ်ခံရသည်ဟု ၅၄ ရပ်ကွက်အတွင်း နေထိုင်သူများက ပြော သည်။

၅၄ ရပ်ကွက်အတွင်း နေထိုင်သူ အသက် ၂၀ နှစ်အရွယ် လူငယ်တစ်ဦးက “ညနေ ၄ နာရီလောက်က လာပစ်သွား တာ။ Non CDM ဆရာမ တွေကိုသတိပေးတဲ့အနေနဲ့ ကျောင်းဝင်ပေါက်ကိုပဲ ပစ်တာ လူထိခိုက်တာတွေ တခြား ပစ္စည်းတွေမီးလောင်တာမျိုးတော့မရှိဘူး” ဟု ပြောသည်။

အဆိုပါကျောင်းတွင် Non CDM ဆရာ၊ ဆရာမများရှိနေသည့်အပြင် ကျောင်းတက်နေသည့် ကျောင်းသား/ သူ အချို့ရှိနေသဖြင့် သတိပေးခြင်း ဖြစ်နိုင်သည်ဟု ၅၄ ရပ်ကွက်အတွင်းနေထိုင်သူများက ဆိုသည်။

လက်ရှိတွင် အမှတ်-၆ အခြေခံပညာ အထက်တန်းကျောင်းတွင် Non CDM ဆရာ/ဆရာမ အထက်တန်းပြ ၁၄ ဦး နှင့် အလယ်တန်းပြ ၁၆ ဦး စုစုပေါင်း အယောက် ၃၀ ခန့်ရှိနေသည်ဟု သိရသည်။

တောင်ဒဂုံမြို့နယ် ၅၃၊ ၅၄၊ ၅၆ ရပ်ကွက်များသည် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်များပြုလုပ်ခဲ့စဉ်က စစ် ကောင်စီ၏ အကြမ်းဖက်ဖြိုခွဲမှုကို စနစ်တကျခုခံခဲ့သည့် ရပ်ကွက်များဖြစ်ပြီး လက်နက်ကြီးများ အသုံးပြု ကာ ဖြိုခွင်းခဲ့ရသည်အထိ တွေ့ကြုံခဲ့ရသည်။

တောင်ဒဂုံတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သည့် ကျောင်းသား၊ ကျောင်းသူများရှိခဲ့ပြီး ယခု စစ်ကောင်စီမှ ပြန်လည်ဖွင့်လှစ်သည့် ကျောင်းများကို တက်ရောက်နေသည်မှာ မဖြစ်သင့်ဘူးဟု ရပ်ကွက်နေ ပြည်သူများ က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly