မဟာအောင်မြေတွင် အသက် ၅၀ ကျော်အရွယ် အမျိုးသား သေနတ်ဖြင့်ပစ်ခံရပြီး သေဆုံး

မဟာအောင်မြေတွင် အသက် ၅၀ ကျော်အရွယ် အမျိုးသား သေနတ်ဖြင့်ပစ်ခံရပြီး သေဆုံး

နိုဝင်ဘာ ၄

မန္တလေး၊ မဟာအောင်မြေမြို့နယ်နေ ဦးမျိုးနိုင်ဆိုသူသည် ယနေ့ညနေက သေနတ်ဖြင့် လေးချက်အပစ်ခံရကာ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားသည်။

အသက် ၅၀ ကျော်အရွယ် ဦးမျိုးနိုင်သည် ညနေ ၆နာရီကျော်က ၎င်း၏နေအိမ်အနီးဖြစ်သော သံလျှက်မှော်အနောက်ရပ်ကွက် ၄၂ လမ်း၊ ၉၁ လမ်းနှင့် ၉၂ လမ်းကြားတွင် ပစ်သတ်ခံရခြင်းဖြစ်သည်။

“သေနတ်နဲ့လေးချက်တိတိခေါင်းကိုတေ့ပြီး ပစ်သတ်ခံလိုက်ရတာပါ၊ ပွဲချင်းပြီးသေပါတယ်၊ ဒီလူကနေ့လယ်ကရပ်ကွက်ရုံး ဗုံးပေါက်တဲ့ကိစ္စ မကြည်ဘူးထင်တယ်၊ ရပ်ကွက်ထဲလှည့်ရမ်းတာ ညကျရင် ရပ်ကွက်ထဲကဟာတွေရှင်းပစ်မယ်တဲ့” ဟု ဒေသခံတစ်ဦးက ပြောသည်။

အသတ်ခံရသူကို ဒလန်ဟု သမုတ်ကြသည်ကိုသိရသော်လည်း ပစ်ခတ်မှုကို မည်သည့်အဖွဲ့က ပြုလုပ်သည်ကိုမူ မသိရသေးပေ။

သံလျှက်မှော်အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့ နေ့လယ်ပိုင်းက ၁နာရီကျော်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး စစ်ကောင်စီ နှစ်ဦး အပြင်းအထန် ဒဏ်ရာရခဲ့ကြောင်း ဗုံးဖောက်ခွဲမှုပြုလုပ်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးပြောက်ကြားတပ်ဖွဲ့(မန္တလေး) GZP(Mandalay)က ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly