နွေဦးတော်လှန်ရေး ၂ နှစ်အတွင်း အောင်မြင်မည်ဟု ယုံကြည်သဖြင့် ငွေတိုက်စာချုပ်သက်တမ်းကို ၂ နှစ်သတ်မှတ်ဟု NUG ဆို

နွေဦးတော်လှန်ရေး ၂ နှစ်အတွင်း အောင်မြင်မည်ဟု ယုံကြည်သဖြင့် ငွေတိုက်စာချုပ်သက်တမ်းကို ၂ နှစ်သတ်မှတ်ဟု NUG ဆို

နိုဝင်ဘာ ၄

နွေဦးတော်လှန်ရေး နှစ်နှစ်အတွင်း အောင်မြင်မည်ဟု ယုံကြည်သဖြင့် ငွေတိုက်စာချုပ်သက်တမ်းကို နှစ်နှစ်သတ်မှတ်ခြင်းဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG အစိုးရပြောဆိုလိုက်သည်။

ယနေ့ပြုလုပ်သည့်အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် ငွေတိုက်စာချုပ်သက်တမ်းအား နှစ်နှစ်သတ်မှတ်ထားခြင်းကို NUG အစိုးရ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ဝန်ကြီး ဦးတင်ထွန်းနိုင်က ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

" သက်တမ်းကို နှစ်နှစ်သတ်မှတ်ထားတာက ဒီတော်လှန်ရေး နှစ်နှစ်အတွင်းအောင်မြင်မယ်လို့ ယုံကြည်ထားတယ်။ သံဓိဌာန်လည်းရှိပါတယ်။ အောင်မြင်ဆိုတာ ယုံကြည်ချက်ကြီးကြီးမားမားရှိပါတယ်" ဟု ဦးတင်ထွန်းနိုင်ကပြောသည်။

NUG ၏ ငွေတိုက်စာချုပ်များကို ဝယ်ယူရန် လူတစ်ဦးတည်းက ဒေါ်လာငါးသိန်းဖိုးအထိ ဝယ်ယူရန် ကမ်းလှမ်းထားမှုများလည်းရှိကြောင်း၊ ငွေတိုက်စာချုပ်များကို ကနဦးတွင် ဒေါ်လာသန်း ၂၀၀ ထုတ်ရောင်းရန် စီစဥ်ထားကြောင်း ဝန်ကြီးကပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly