ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်လာသည့် တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယားဒေသတွင် ခရီးသွားဧည့်သည်များကို သီးသန့်ခွဲထားစောင့်ကြည့်

ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်လာသည့် တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယားဒေသတွင် ခရီးသွားဧည့်သည်များကို သီးသန့်ခွဲထားစောင့်ကြည့်

တရုတ်နိုင်ငံ၏ အတွင်းမွန်ဂိုလီးယားဒေသတွင် ကိုဗစ်-၁၉ ကူးစက်မှု တွေ့ရှိခြင်းကြောင့် ဒေသတွင်းသို့ လာရောက်လည်ပတ်သူ ၂၀၀၀ ကျော်ကို သီးသန့်ခွဲထားစောင့်ကြည့်မှုဖြင့် ၂ ပတ်ကြာထားရှိရန် ဟိုတယ်များကို ပို့ဆောင်ပေးလိုက်သည်။

လာရောက်လည်ပတ်သူများကို တောင်တန်းများ၊ ရေကန်များ၊ မြက်ခင်းပြင်များနှင့် စွဲဆောင်သည့် လူဦးရေ အနည်းငယ်သာရှိသော အဆိုပါဒေသတွင် ကိုဗစ်-၁၉ ကူးစက်မှု အများအပြားတွေ့ရှိသည့် အစီရင်ခံစာများ ထွက်ပေါ်ပြီးနောက် ယခုအစီအစဉ်ကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ဒေသဆိုင်ရာ အစိုးရက အောက်တိုဘာ ၂၉ ရက် ကြေညာချက်တွင် ခရီးသွားဧည့်သည် ၂၄၂၈ ဦးတို့အား ဘောင်တူးနှင့်အော်ဒို့စ် မြို့များရှိ ဟိုတယ်များတွင် သီးသန့်ခွဲထားစောင့်ကြည့်နေကြောင်း ဖော်ပြထားသည်။

အတွင်း မွန်ဂိုလီးယားဒေသတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၄၈ ဦးအနက် ၁၉ ဦးသည် ပြည်တွင်း၌ ကူးစက်ခံရခြင်းဖြစ်ကြောင်း အောက်တိုဘာ ၂၉ ရက် ကြေညာချက်တွင် ပါရှိသည်။

သီးသန့်ခွဲထားစောင့်ကြည့်ခြင်းကို တရုတ်နိုင်ငံ၌ ကပ်ရောဂါ ထိန်းချုပ်ရေးတွင် ပုံမှန်လုပ်ဆောင်လေ့ရှိပြီး နှာခေါင်းပါးစပ်စည်းများ ဝတ်ဆင်ခြင်း၊ အီလက်ထရောနစ်စနစ်ဖြင့် ရောဂါခြေရာခံခြင်း၊ လူအများအပြားကို စစ်ဆေးခြင်း၊ အသွားအလာ ဖြတ်တောက်ခြင်းနှင့် ကာကွယ်ဆေးထိုးပေးခြင်းတို့ လည်း ပါဝင်သည်။

အတွင်း မွန်ဂိုလီးယားနှင့် နယ်နမိတ်ချင်း ထိစပ်နေသည့် ဂန်ဆူးပြည်နယ် လန်ကျိူးမြို့တွင် ကိုဗစ် ကူးစက်ခံရမှု တွေ့ရှိပြီးနောက် ပြည်သူသန်းနှင့်ချီ၍ အိမ်ပြင်ပသို့ ထွက်ခွင့်မပြုတော့ဘဲ အသွားအလာ ဖြတ်တောက်မှုများကို လုပ်ဆောင်ခဲ့သည်။ အဆိုပါ မြို့တွင် အောက်တိုဘာ ၂၉ ရက်က ကူးစက်ခံရသူ ၁၀ ဦးကို တွေ့ရှိခဲ့သည်။

တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့တွင် ၂၀၁၉ ခုနှစ်က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု စတင်တွေ့ရှိပြီးချိန်မှစ၍ တစ်နိုင်ငံလုံး ကူးစက်ခံရသူ ၉၆၃၆ ဦးအနက် သေဆုံးသူ ၄၆၃၆ ဦးရှိကြောင်း စာရင်းရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly