သယံဇာတကြွယ်ဝသော အာဖရိကတိုက်သည် တရုတ်၏ တောင်ပိုင်းဒေသချင်း ပူးပေါင်းဆောင်ရွက်မှု ၏ အဓိကမဏ္ဍိုင်ဖြစ်လာ

By Economic Times
03 November 2021
သယံဇာတကြွယ်ဝသော အာဖရိကတိုက်သည် တရုတ်၏ တောင်ပိုင်းဒေသချင်း ပူးပေါင်းဆောင်ရွက်မှု ၏ အဓိကမဏ္ဍိုင်ဖြစ်လာ

အာဖရိကသည် ၁၉၅၅ခုနှစ် ဘန်ဒေါင်းညီလာခံမှ စတင်၍ တရုတ်နိုင်ငံ၏ မဟာမိတ်ဖြစ်ခဲ့ပြီး ယခု ၂၀၂၁ခုနှစ်အရောက်တွင် လူဦးရေ ၁ ဒသမ ၃ ဘီလီယံဖြင့် တရုတ်၏ စီးပွားရေးနှင့် နိုင်ငံရေး ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာ၏ အစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့သည်။

အာဖရိကဒေသ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် တရုတ် မဟာဗျူဟာ၏ အဓိကအခန်းကဏ္ဍမှ ပါဝင်နေ သော်လည်း အာဖရိကတိုက်နှင့် တရုတ်တို့၏ ဆက်ဆံရေးကို ဂရုတစိုက်ကြည့်ပါက စီးပွားရေးထက် နိုင်ငံရေးအရ မဟာဗျူဟာမြောက်ဆက်ဆံမှုကို ပိုတွေ့ရှိရသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်က ကမ္ဘာ့တောင်ပိုင်းနိုင်ငံများ၏ စီးပွားရေးသည် “အားလုံးတန်းတူ ကြွယ်ဝ ချမ်းသာရေး” ဖြစ်ကြောင်းအခိုင်အမာပြောကြားထားပြီး "တောင်ပိုင်းဒေသချင်း ပူးပေါင်းဆောင်ရွက်မှု" တွင် တရုတ်က ခေါင်းဆောင်မှုနေရာကို ရယူထားသည်။

သို့သော် အာဖရိကဒေသအပေါ် သူ၏ အာရုံစိုက်မှုသည် ပါဝါအပျော့မဟာဗျူဟာများအသုံးပြုခြင်းဖြင့် တရုတ်၏ ဖွံ့ဖြိုးတိုးတက်မှုပုံစံကို မြှင့်တင်ရန် ရည်ရွယ်သည်။

အာဖရိကတွင် တရုတ်က ရရှိနေသည့် အကျိုးအမြတ်နှစ်ခုမှာ မရှိမဖြစ်လိုအပ်သော သဘာဝ အရင်းအမြစ်များ ကြွယ်ဝမှုနှင့် နိုင်ငံတကာအဖွဲ့အစည်းများတွင် တရုတ်၏ သြဇာလွှမ်းမိုးမှုကို အားကောင်းစေသည့် အဓိကမိတ်ဖက်လည်းဖြစ်ကြောင်း အာဖရိကရေးရာကျွမ်းကျင်သူတစ်ဦးက ပြောကြားခဲ့သည်။

၂၀ဝ၁ခုနှစ်တွင် တရုတ်က ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO) သို့ ဝင်ရောက်လာခြင်းနှင့် ပုဂ္ဂလိကနှင့် ပုဂ္ဂလိက တစ်ပိုင်း တရုတ်ကုမ္ပဏီများသည် အာဖရိကတွင် အခြေခံအဆောက်အအုံဆိုင်ရာစီမံကိန်းများကို ဆောင်ရွက် လျက်ရှိသည်။

အာဖရိကရှိ ဟိုက်ဒရောလစ်ရေကာတာများ၏ ၈၀ ရာခိုင်နှုန်းနီးပါးကို တရုတ်ကုမ္ပဏီများက တည်ဆောက် နေကြောင်း ET မှ လေ့လာသိရှိရသည်။ ခြုံကြည့်ပါက တရုတ်၏ အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းများ ၏ ၃ပုံ ၁ပုံခန့်သည် အာဖရိကတွင် တည်ဆောက်နေပြီး တရုတ်ကုမ္ပဏီများအတွက် သိသာထင်ရှားသော ဝင်ငွေများရရှိနေသည်။

ဒေသတွင်းရှိ တရုတ်ပိုင်စီးပွားရေးများသည် တရုတ်စီးပွားရေးတိုးတက်ရေးကိုသာ အဓိကထား ကြောင်း ရှင်းရှင်းလင်းလင်း တွေ့မြင်နေရသည်ဟု အထက်ပါ ပညာရှင်က မှတ်ချက်ပြုသည်။

အာဖရိကတွင် တရုတ်ရှိနေခြင်း၏ စီးပွားရေးအကျိုးအမြတ်၏ ဒုတိယရှုထောင့်မှာ တွင်းထွက်နှင့် သဘာဝအရင်းအမြစ်များ ပေါကြွယ်ဝခြင်းကြောင့်ဖြစ်သည်။

အာဖရိကမှ တရုတ်ပြည်သို့ တင်သွင်းမှု၏ ၈၀ ရာခိုင်နှုန်းကျော်သည် ရေနံနှင့် ကုန်ကြမ်းများ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly