ဧရာဝတီတိုင်းအတွင်း ပြောက်ကျားတိုက်ပွဲများ အရှိန်မြှင့်လုပ်ဆောင်မည်ဟု DGWCF ပြော

ဧရာဝတီတိုင်းအတွင်း ပြောက်ကျားတိုက်ပွဲများ အရှိန်မြှင့်လုပ်ဆောင်မည်ဟု DGWCF ပြော

နိုဝင်ဘာ ၁

ဧရာဝတီတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် ပိုမိုပြင်းထန်သော ပြောက်ကျားတိုက်ပွဲများ လုပ်ဆောင်တော့မည်ဟု မြစ်ဝကျွန်းပေါ်ပြောက်ကျားစစ်ဆင်ရေး တပ်ပေါင်းစု(DGWCF)၏ တာဝန်ရှိသူက ပြောသည်။

ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီတပ်များ၊ ရဲများ၊ အုပ်ချုပ်ရေးမှူးများ၊ ဒလန်များ နှင့်နီးစပ်ရာနေရာများသို့ မသွားကြရန် DGWCF က သတိပေးထားသည်။

"ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်တွေကို ဆက်ပြီးအရှိန်မြှင့်လာဖို့ရှိပါတယ်။ မလိုအပ်တဲ့သူတွေကို မထိခိုက်စေချင်ပါဘူး၊။ ဒါကြောင့် ရုံးတက်နေတဲ့ဝန်ထမ်းတွေ သတိထားပြီး သွားလာဖို့ သတိပေးချင်ပါတယ်။ CDM လုပ်ချင်ရင်လည်း လုပ်လို့ရပါသေးတယ်လို့ ပြောချင်ပါတယ်။ စစ်ကောင်စီနဲ့ ပတ်သက်တဲ့အရာတိုင်းကို စစ်အုပ်စုပြုတ်ကျတဲ့ အချိန်အထိ ဆက်လက်တိုက်ခိုက်သွားမှာပါ"ဟု DGWCF မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဧရာဝတီတိုင်း မြို့နယ်အသီးသီးတွင်ရှိသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အောက်တိုဘာလအတွင်း ရဲသတင်းပေး ဒလန် ရှစ်ဦးအား ပစ်ခတ်ရှင်းလင်းခြင်းနှင့် တာဝါတိုင်များ ဖောက်ခွဲဖျက်ဆီးခြင်းကို ၃၅ ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း DGWCF က အောက်တိုဘာလ ၃၁ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။

အဆိုပါထုတ်ပြန်ချက်ထဲတွင် အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ရဲနှစ်ဦးနှင့် စစ်ကောင်စီတပ်သား သုံးဦးတို့အား ရှင်းလင်းနိုင်ခဲ့ကြောင်း၊ ဗုံးဖောက်ခွဲ ပစ်ခတ်မှုနှင့် မိုင်တဲတာဝါတိုင်များအား ဖာက်ဖွဲဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း DGWCF၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယင်းအပြင်စစ်ကောင်စီအား အထောက်အပံ့ပေးနေသော အရာများဖြစ်သည့် မီတာဆောင်ခြင်းနှင့် အခြားအခွန်ဖြစ်စေသော အရာများအား ပြည်သူများအနေဖြင့် ရှောင်ရှားကြရန် လိုအပ်ကြောင်း DGWCF၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required