ကက်ရှ်မီးယားဒေသရိုးရာ တေးဂီတဖျော်ဖြေပွဲကို ခရီးသွားလုပ်ငန်း စွဲဆောင် မြှင့်တင်ရန် ကျင်းပ

ကက်ရှ်မီးယားဒေသရိုးရာ တေးဂီတဖျော်ဖြေပွဲကို ခရီးသွားလုပ်ငန်း စွဲဆောင် မြှင့်တင်ရန် ကျင်းပ

အိန္ဒိယနိုင်ငံ၏ ပြည်ထောင်စုနယ်မြေ ကက်ရှ်မီးယားဒေသတွင် ရက်သတ္တပတ် အထိမ်းအမှတ်ပွဲတော် ကာလအတွင်း ကြည်နူးပျော်ရွှင်နေသည့် ပရိသတ်များကို ရိုးရာတေးဂီ ဆူဖီယာနာ တီးခတ်မှုစီအစဉ်များက စွဲဆောင်လျက်ရှိသည်။

ကက်ရှ်မီးယားဒေသ၏ ခရီးသွားလုပ်ငန်းကို မြှင့်တင်ရန်နှင့် ကမ္ဘာ့အနှံ့မှ ဧည့်သည်များကို ပိုမိုစွဲဆောင်နိုင်ရန် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဌာနကက အခြားသောအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

ခရီးသွားလုပ်ငန်းဌာန ညွှန်ကြားရေးမှူး ဒေါက်တာဂျီအင်န်အီတူးက “ဒီအစီအစဉ်ကို ဂျမူးနှင့် ကက်ရှ်မီးယားဒေသ ဒုတိယအုပ်ချုပ်ရေးမှူး မနော့ဂျ်ဆင်ဟာက စီစဉ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။ အထိမ်းအမှတ်ရက်သတ္တပတ်ကို ကက်ရှ်မီးယားဒေသရဲ့ နေရာအနှံ့အပြားမှာ အောက်တိုဘာ ၂၃ ရက်ကနေ ၂၉ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

“ပြည်သူတွေအနေနဲ့ ဂီတဖျော်ဖြေပွဲ၊ ယဉ်ကျေးမှု၊ အစားအစာ၊ လက်မှုပစ္စည်းတွေကို ပွဲတော်မှာ တွေ့မြင်နိုင်ပါတယ်။ ဒီအစီအစဉ်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ဒေသခံလူငယ်တွေအနေနဲ့ သူတို့ရဲ့ ကျွမ်းကျင်မှုတွေကို ပြသနိုင်ဖို့နဲ့ ခရီးသွားလုပ်ငန်းကို မြှင့်တင်နိုင်ဖို့ ဖြစ်ပါတယ်” ဟု ညွှန်ကြားရေးမှူးက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly