သပိတ်ကျင်းတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

သပိတ်ကျင်းတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

အောက်တိုဘာ ၃၀

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် ဗန်းမော်-မန္တလေးကားလမ်းမကြီးအတိုင်း ထီးချိုင့်မြို့နယ်မှ သပိတ်ကျင်းသို့ မောင်းနှင်လာသည့် စစ်ကောင်စီယာဉ်တန်း ၂၁ စီးကို အောက်တိုဘာ ၂၉ရက် ည ၈နာရီခွဲတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ ပူးပေါင်းကာ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း People Defence Force -Thabeikkyin ထံက သိရသည်။

''ထီးချိုင့်ဘက်ကနေ ဆင်းလာကြတာ။ စစ်ပန်းပြီး ပြန်လာတဲ့ ကားတွေလို့ယူဆရတယ်။ စကခ (စစ်ကောင်စီ) ကားတွေထဲက လူပါနိုင်တဲ့ ကားတစ်စီးကို ရွေးပြီး ခွဲထည့်လိုက်တာ။ လူအသေအပျောက်ကိုတော့ မသိရသေးပေမဲ့ ဒီကောင်တွေ ကားတစ်စီး ကတော့ လုံးဝ ပျက်စီးသွားတယ်" ဟု မိုင်းဆွဲတိုက်ခိုက်ရာတွင် ပါဝင်သည့် အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကိုပြောသည်။

မိုင်းဆွဲတိုက်ခိုက်မှုမှာ သပိတ်ကျင်းမြို့နယ်အတွင်း မန်ကျီးကုန်းအုပ်စု ပေါ်တော်မူကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (HPDF)၊ သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF) နှင့် ပူပေါင်း (တကောင်း Special 9 -TPDF) တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly