တရုတ်တွင် ငှက်တုပ်ကွေးကူးစက်ခံရသူအရေအတွက် မြင့်တက်လာခြင်းကြောင့် ကျွမ်းကျွင်သူများ စိုးရိမ်နေ

တရုတ်တွင် ငှက်တုပ်ကွေးကူးစက်ခံရသူအရေအတွက် မြင့်တက်လာခြင်းကြောင့် ကျွမ်းကျွင်သူများ စိုးရိမ်နေ

တရုတ်တွင် ငှက်တုပ်ကွေးကူးစက်ခံရသူအရေအတွက် ယခုနှစ်တွင် မြင့်တက်လာခြင်းအပေါ် ကျွမ်းကျွင်သူများက စိုးရိမ်နေကြပြီး ယခင် တုပ်ကွေးသည် ဗီဇပြောင်းသွားပြီး လူများကို ပိုမိုကူးစက်နိုင်ဖွယ်ရှိကြောင်း သုံးသပ်ထားသည်။

တရုတ်ပြည်တွင် ၂၀၂၁ ခုနှစ်က ကြက်ငှက်တုပ်ကွေးရောဂါ H5N6 အမျိုးအစားခွဲဖြင့် လူ ၂၁ ဦး ကူးစက်ခံရ ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ထံ အစီရင်ခံထားပြီး ၂၀၂၀ပြည့်နှစ်က ၅ ဦး သာရှိသည်။

၂၀၁၇ ခုနှစ်တွင် H7N9 ကူးစက်ခံရသူ ရာနှင့်ချီရှိသည်ထက် အရေအတွက် နည်းပါးသော်လည်း ကူးစက်မှုသည် ပြင်းထန်ပြီး အများအပြားအပြင်းဖျားသဖြင့် အနည်းဆုံး ၆ ဦး သေဆုံးခဲ့ရသည်။

"တရုတ်မှာ ဒီနှစ်အတွင်း လူတွေ ကူးစက်ခံရမှု မြင့်တက်လာတာက စိုးရိမ်စရာပါပဲ။ ဒါက လူသေပျောက်မှု အများအပြား ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်ပါပဲ” ဟု ရော်တာဒန်ရှိ အက်စ်မက်စ်တက္ကသိုလ် ဆေးဘက်ဆိုင်ရာ စင်တာမှ ရောဂါနှိုင်းယှဉ်လေ့လာမှုပညာရပ် ပါမောက္ခ သီးကူကန်က ဆိုသည်။

ကူးစက်မှုအများစုသည် ကြက်မွေးမြူရေးခြံများနှင့် ဆက်စပ်မှုရှိခဲ့ပြီး လူအချင်းချင်းကူးစက်သည်ကို မတွေ့ရှိသေးကြောင်း WHO က ထုတ်ပြန်ထားပြီး အောက်တိုဘာ ၄ ရက်ထုတ်ပြန်ချက်တွင် ကူးစက်မှု မြင့်တက်လာကြောင်းကို အလေးထားပြောကြားခဲ့သည်။

အန္တရာယ်များနှင့် လူများတွင် ပိုမိုကူးစက်လာရသည့်အကြောင်းရင်းကို လေ့လာရန်လိုအပ်သဖြင့် နောက်ထပ် စုံစမ်းစစ်ဆေးမှုများ အရေးပေါ်လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ဟူနန်ပြည်နယ်ရှိ အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦးအား အောက်တိုဘာ ၁၃ ရက်တွင် H5N6 တုပ်ကွေး ရောဂါဖြင့် အရေးပေါ်အခြေအနေကြောင့် ဆေးရုံတင်လိုက်ရကြောင်း ဟောင်ကောင်အစိုးရထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လူတွင် H5N6 ဖြစ်ပွားမှုကို တွေ့ရှိခဲ့သော်လည်း တရုတ်ပြည်ရှိ ကြက်ခြံများတွင် H5N6 အစုလိုက် အပြုံလိုက်ဖြစ်ပွားကြောင်း ၂၀၂၀ပြည့်နှစ်မှစတင်၍ ထုတ်ပြန်ခြင်းမရှိခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly