ရွှေတောင်မြို့ရှိ စည်ပင်သာယာရေးရုံး ဗုံးခွဲခံရ

ရွှေတောင်မြို့ရှိ စည်ပင်သာယာရေးရုံး ဗုံးခွဲခံရ

အောက်တိုဘာ ၂၉

ပဲခူးတိုင်း၊ ပြည်ခရိုင် ၊ ရွှေတောင်မြို့ရှိ စည်ပင်သာယာရေးရုံးကို ဗုံးဖောက်ခွဲခဲ့ကြောင်း ရွှေတောင် ပြောက်ကျား စစ်သည်တော်များ အဖွဲ့က ပြောသည်။

မင်းဘူးတန်းလမ်း၊ ကြာနီကန်ရပ်ကွက်တွင်ရှိသည့် စည်ပင်သာယာရေးရုံးကို အောက်တိုဘာ ၂၈ ရက် နံနက် ၃ နာရီ မိနစ် ၂၀ တွင် ဖောက်ခွဲခဲ့ခြင်း ဖြစ်သည်။

“ရည်ရွယ်ချက်ကတော့ စစ်ကောင်စီတပ်တွေရဲ့ ငွေဝင်ပေါက် တစ်ခုဖြစ်နေလို့။ ပြီးတော့ မြို့နယ်ရဲ့ စစ်ကောင်စီ ဒေါက်တိုင်တွေကို နောက်ဆုံး သတိပေးခြင်းမျိုးပါ ”ဟု ရွှေတောင် ပြောက်ကျား စစ်သည်တော်များအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စည်ပင်ဝန်းအတွင်း ကားပါကင်နေရာတွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး ပျက်စီးမှု အနည်းငယ်သာ ရှိခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။ ပြီးခဲ့သည့် လအတွင်းကလည်း လျှပ်စစ်ရုံးကို သတိပေး ဗုံးဖောက်ခွဲခဲ့ကြောင်း ၎င်းက ပြောသည်။

ဓာတ်ပုံ - ရွှေတောင်မြို့နယ် တရားရုံး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required