ပုသိမ်ကြီးမြို့နယ်တွင် ပစ်ခတ်ခံရမှု ဆက်တိုက် ဖြစ်ပွားနေ၍ အုပ်ချုပ်ရေးမှူးများ နုတ်ထွက်စာတင်လာကြ

ပုသိမ်ကြီးမြို့နယ်တွင် ပစ်ခတ်ခံရမှု ဆက်တိုက် ဖြစ်ပွားနေ၍ အုပ်ချုပ်ရေးမှူးများ နုတ်ထွက်စာတင်လာကြ

အောက်တိုဘာ ၂၈

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်တွင် အုပ်ချုပ်ရေးမှူးများ ပစ်ခတ်သတ်ဖြတ်ခံရမှု ဆက်တိုက် ဖြစ်ပွားနေပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများ နုတ်ထွက်စာ တင်လာကြကြောင်း ဒေသခံများထံမှ သိရသည်။

“အင်ကျယ်နဲ့ ဆင်ဘွတ်ကြီး ကျေးရွာအုပ်စု နှစ်ခုကလူကြီးတွေ ဒီနေ့ပဲ နုတ်ထွက်စာတင်လိုက်ပြီကြားတယ်ဗျ။ နောက်ထပ်လည်း စာတင်မှာတွေ ရှိသေးတယ်လို့လည်း ကြားထားတယ်” ဟု ပုသိမ်ကြီးမြို့နယ်ဒေသခံ မဇ္ဈိမ၏ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

မဇ္ဈိမက ရရှိထားသည့်စာရင်းအရ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအဖြစ်မှ နုတ်ထွက်လာကြသူ သုံးဦးအထိရှိနေပြီး ၎င်းတို့မှာ ဆင်ဘွတ်ကြီးကျေးရွာ အုပ်စုမှဦးကြည်အေး၊ အင်ကျယ်ကျေးရွာအုပ်စုမှ ဦးဇော်မိုးနှင့် ဇီးချိုကုန်းကျေးရွာအုပ်စုမှဦးခင်မောင်ရီ ဆိုသူတို့ဖြစ်ကြောင်းသိရပြီး၊ ၎င်းးတို့နှင့် ဆက်သွယ်မေးမြန်းခွင့်ရရှိရန်အတွက် ကြိုးစားနေဆဲဖြစ်သည်။

၎င်းတို့အနေနှင့် ကျန်းမာရေးကောင်းမွန်မှုမရှိခြင်းကြောင့် တာ၀န်မှ နုတ်ထွက်ခွင့်ပြုရန် ပုသိမ်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံ တင်ပြထားခြင်းဖြစ်ကြောင်း သိရသည်။

မန္တလေး ပုသိမ်ကြီးမြို့နယ်တွင် ဒလန်ဟုနာမည်ထွက်နေသည့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးသေနတ်ဖြင့် ပစ်ခတ်ခံရမှုမှာ အာဏာသိမ်းခံရပြီးနောက်ပိုင်း ယနေ့အထိ ငါးကြိမ်ဖြစ်ပွားခဲ့ပြီး လေးဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly