မကွေးမြို့တွင် EPC ရုံးနှင့် လ.ဝ.က ရုံး ဖောက်ခွဲခံရ

မကွေးမြို့တွင် EPC ရုံးနှင့် လ.ဝ.က ရုံး ဖောက်ခွဲခံရ

အောက်တိုဘာ ၂၈

မကွေးတိုင်း၊ မကွေးမြို့တွင် လျှပ်စစ်အင်ဂျင်နီယာရုံးရှိ Transfer အိုးနှင့် လူဝင်မှုကြီးကြပ်ရေး (လ.ဝ.က) ရုံးတို့ အောက်တိုဘာ ၂၆ ရက် နေ့လယ် ၂ နာရီအချိန်က ဗုံးခွဲတိုက်ခိုက်ခံလိုက်ရကြောင်း ဒေသခံများထံက သိရသည်။

လျှပ်စစ်အင်ဂျင်နီယာရုံးသည် စျေးလယ်စိုးရပ်ကွက် ဗိုလ်ချုပ်လမ်း‌ပေါ်တွင် တည်ရှိပြီး လဝက ရုံးသည် ရန်မျိုးနိုင်ရပ်ကွက်၊ အဝေရာလမ်း အရှေ့ဘက်တွင် ရှိကြောင်း သိရသည်။

"လ.ဝ.ကရုံးက အတွင်းဘက်မှာ ကွဲတာပါ။ တစ်နေရာကို ဗုံးတစ်လုံးစီနဲ့ နှစ်နေရာပါဗျ"ဟု ဗိသာနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်က မဇ္ဈိမကိုပြောသည်။

အဆိုပါပေါက်ကွဲမှုမှာ ဗိသာနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် No Chair ပြောက်ကျားတပ်ဖွဲ့(မကွေး)တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ယင်းနေရာနှစ်ခုတွင် အချိန်တစ်ပြိုင်တည်း ဖောက်ခွဲခဲ့ခြင်း ဖြစ်ပြီး ထိခိုက်ပျက်စီးမှု အသေးစိတ်ကို မသိရကြောင်း ၎င်းကဆိုသည်။

မကွေးမြို့ အောင်မေတ္တာ (ဃ) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းထွန်းဆိုသူကိုလည်း အောက်တိုဘာ ၂၆ရက် နေ့လည် ၂နာရီ မိနစ် ၃၀ ခန့်တွင် မကွေးမြို့ပြ PDF အဖွဲ့က သေနတ်ဖြင့် ပစ်သတ်ခဲ့‌သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly