မြိတ်မှလာသော စစ်ယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရ၊ စစ်သား အချို့ သေဆုံးဟု ဒေသခံများပြော

By သတင်းနှင့် မီဒီယာ ကွန်ရက်။
28 October 2021
မြိတ်မှလာသော စစ်ယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရ၊ စစ်သား အချို့ သေဆုံးဟု ဒေသခံများပြော

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၈ ရက်။

မြိတ်မှ ပုလောဘက်သို့ မောင်းနှင်နေသည့် စစ်ကားကြီး ၁၅ စီး ပါဝင်သည့် ယာဉ်တန်းကို အဖွဲ့တစ်ဖွဲ့ က အောက်တိုဘာ ၂၆ ရက်နေ့၊ နံနက် ပိုင်းက မိုင်းဆွဲတိုက်ခိုက်ရာ တပ်ဖွဲ့ဝင် ၆ ဦးခန့် သေဆုံးသည်ဟု ဒေသခံများက ပြောသည်။

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့အနီး စက်တော်ရာကျေးရွာနှင့် တပိုကျေးရွာအကြားရှိ ဘုရားကုန်းနေရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များလိုက်ပါလာသည့် ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရရာ စစ်ကား ၃ စီး တိမ်း မှောက်သွားသည်။

"အုန်း အုန်း အုန်းနဲ့ ပေါက်ကွဲသံက လေးငါးချက် ဆက်တိုက်ကြားရတယ်။ နောက်တော့ စစ်ကား ၃ စီး ထိတယ် ကြားတယ်၊ ဘယ်သူမှတော့ သွားမကြည့်ရဲဘူး။ ရွာသားတွေဆိုရင် ကြောက်လန့်ပြီး ဈေးဝယ်တောင် မထွက်ရဲ ကြတော့ဘူး" အသက် ၄၀ အရွယ်ခန့်ရှိသည့် တပို့ရွာသား တစ်ဦး က ပြောသည်။

မိုင်းခွဲတိုက်ခိုက်သူများကို စစ်သားများက အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်းအထိ တောနင်းရှာဖွေနေသည်ဟုလည်း ဒေသခံများက ပြောသည်။

ယာဉ်တန်း တိုက်ခိုက်ခံရပြီး စစ်သားများက သေနတ်ဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် လူနေအိမ် အချို့ ထိမှန်မှုများရှိခဲ့သည်။

အဆိုပါတိုက်ခိုက်မှုသည် ပုလောဒေသခံ PDF နှင့် PRDF ပူးပေါင်းအဖွဲ့တို့၏ လုပ်ဆောင်မှု ဖြစ်နိုင်သည်ဟုလည်း ဒေသခံရွာသားအချို့ ခန့်မှန်း ပြောဆိုနေ ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly