မန္တလေးတွင် ကမ္ဘောဇဘဏ်နှင့် ATM နေရာ အနည်းဆုံး ၈ ခုတွင် ဗုံးပေါက်ကွဲမှုများဖြစ်ပွါး

မန္တလေးတွင် ကမ္ဘောဇဘဏ်နှင့် ATM နေရာ အနည်းဆုံး ၈ ခုတွင် ဗုံးပေါက်ကွဲမှုများဖြစ်ပွါး

အောက်ုတိဘာ ၂၇

မန္တလေးမြို့တွင် ကမ္ဘောဇဘဏ်နှင့်ဆက်စပ်နေရာ အနည်းဆုံး ရှစ်နေရာတွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ကြောင်းသိရသည်။

“ကမ္ဘောဇဘဏ်ရှေ့က ATM စက်တွေနားမှာပေါက်ကွဲမှုတွေဖြစ်နေတာပါ၊ အခုအထိသိရသလောက်တော့ရှစ်နေရာလောက်ရှိနေပြီ၊ ညနေပိုင်းဆိုတော့ အထိအခိုက်မသိနိုင်ဘူး” ဟု မြို့ခံသတင်းရင်းမြစ်တစ်ဦးကပြောသည်။

ယခုသတင်းပေးပို့ချိန်အထိရရှိသော သတင်းများအရ ညနေ ၆ နာရီခွဲအချိန်ခန့်တွင် ဆက်တိုက်ပေါက်ကွဲမှုများဖြစ်ခဲ့ခြင်းဖြစ်သည်။

ချမ်းမြသာစည်မြို့နယ်တွင် မနော်ဟရီလမ်းနှင့် ၆၂ လမ်းထောင့် Fuji Shopping Mall အနီးက ကမ္ဘောဇဘဏ် ATM၊ ၅၇ လမ်းနှင့် မနော်ဟရီလမ်းအနီးရှိ ကမ္ဘောဇဘဏ်ရှေ့မီးစက်၊ ၆၆ လမ်းနှင့် သိပ္ပံလမ်းထောင့် ကမ္ဘောဇဘဏ်၊ ၅၆ လမ်းနှင့် သိပ္ပံလမ်းထောင့်ရှိ ကမ္ဘောဇဘဏ် Call Center ရှေ့၊ ၆၁ လမ်းနှင့်သိပ္ပံလမ်းအနီး ကမ္ဘောဇဘဏ်ရှေ့ဘဏ်ပိုင်ယာဉ်တစ်စီး၊ မဟာအောင်မြေမြို့နယ်တွင် ၃၈ လမ်းနှင့် ၈၄ လမ်းထောင့်ရှိကမ္ဘောဇဘဏ် ATM စက်နှစ်လုံးနှင့် ၇၃ လမ်း ဗောဓိကုန်းကမ္ဘောဇဘဏ် ATM စက်တို့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly