ပေကျင်း မာရသွန်ပြိုင်ပွဲကို ကိုဗစ်ဖြစ်ပွားမှု မြင့်တက်လာခြင်းကြောင့် ရွှေ့ဆိုင်း

ပေကျင်း မာရသွန်ပြိုင်ပွဲကို ကိုဗစ်ဖြစ်ပွားမှု မြင့်တက်လာခြင်းကြောင့် ရွှေ့ဆိုင်း

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများမြင့်တက်လာချိန်တွင် တရုတ်က ပေကျင်း မာရသွန်ပြိုင်ပွဲကို နောက်ထပ်သတိပေးချက် ပြန်လည်မထုတ်ပြန်ချိန်အထိ ရွှေ့ဆိုင်းလိုက်သည်။

ရောဂါကူးစက်မှုအသစ် ထပ်မံပျံနှံ့လာဖွယ်ရှိကြောင်း နိုင်ငံ၏ ထိပ်တန်းကျန်းမာရေးအရာရှိက သတိပေး ပြောကြား လာပြီးနောက် ယခုကဲ့သို့ ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်။

တရုတ်ပြည်နယ် ၁၁ ခုတွင် ဖြစ်ပွားခဲ့သည့် ကူးစက်မှုပေါင်း ၁၃၃ ခုကျော်တွင် အားလုံးသည် အလွန် ကူးစက်မြန်သော Delta မျိုးကွဲနှင့် ဆက်စပ်နေသည်။

၂၀၂၁ခုနှစ် သြဂုတ်လက နန်ကျင်းတွင် ကူးစက်မှုဖြစ်ပွားပြီးနောက်ပိုင်း ယခုကူးစက်မှုသည် တရုတ်၏ အများဆုံးရောဂါကူးစက်မှု ဖြစ်သည်။

အထူးသဖြင့် ၂၀၂၂ ဆောင်းရာသီအိုလံပစ်ပွဲတော် ကျင်းပရန် ပြင်ဆင်နေသည့် တရုတ်သည် ဗိုင်းရပ်စ်ကူးစက်မှုကို လုံးဝမဖြစ်ပွားအောင် ထိန်းချုပ်နေချိန်တွင် ယခုဖြစ်ပွားမှုက စိုးရိမ်မှုများကို မြင့်တက်လာခဲ့သည်။

၁၉၈၁ ခုနှစ်မှ စ၍ နှစ်စဉ်ကျင်းပခဲ့သော ပေကျင်းမာရသွန်သည် တရုတ်၏ အကြီးမားဆုံးပြည်တွင်း အားကစားပွဲတစ်ခုဖြစ်သည်။

ထုံးစံအားဖြင့် တီအန်မင်ရင်ပြင်တွင် စတင်တာထွက်ပြီး ပေကျင်းအိုလံပစ်ပန်းခြံရှိ Celebration Square တွင် အဆုံးသတ်သည်။

အောက်တိုဘာ ၃၁ ရက်တွင်ကျင်းပရန်စီစဉ်ထားသော အဆိုပါ ပြိုင်ပွဲ၌ လူ ၃၀,ဝဝဝ ခန့် ပါဝင်နိုင်မည်ဟု ခန့်မှန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly