အင်တာနက်ထိန်းချုပ်မှု ပိုမိုလုပ်ဆောင်လာသည့် တရုတ်အာဏာပိုင်များက ဖတ်ရှုရမည့် သတင်းရင်းမြစ်များစာရင်း ထုတ်ပြန်

အင်တာနက်ထိန်းချုပ်မှု ပိုမိုလုပ်ဆောင်လာသည့် တရုတ်အာဏာပိုင်များက ဖတ်ရှုရမည့် သတင်းရင်းမြစ်များစာရင်း ထုတ်ပြန်

တရုတ်နိုင်ငံတွင် အင်တာနက်အသုံးပြုမှုအပေါ် ပိုမိုတင်းကျပ်ရန်ကြိုးပမ်းသည့်အနေဖြင့်Cyberspace Administration of China က ပြည်သူများ ဖတ်ရှုရမည့် "အင်တာနက်သတင်းအချက်အလက် အရင်းအမြစ်များစာရင်း" ကို ထုတ်ပြန်ခဲ့သည်။

ဒေသန္တရမီဒီယာများ၏ ဖော်ပြချက်များအရ အဆိုပါစာရင်းတွင် သတင်းရင်းမြစ် ၁၃၅၈ ခုပါရှိသည်။ ထိုစာရင်းတွင် ဗဟိုသတင်းဝက်ဘ်ဆိုက်များ၊ ဗဟိုသတင်းယူနစ်များ၊ စက်မှုမီဒီယာများ၊ ပြည်တွင်းသတင်းဝက်ဘ်ဆိုက်များ၊ ပြည်တွင်းသတင်းယူနစ်များနှင့် အစိုးရရေးရာ ဖြန့်ဝေရေး စနစ်များပါဝင်သည်။

တရုတ်လူမျိုးများသည် အဆိုပါ စာရင်းဝက်ဆိုက်များမှသတင်းများကိုသာဖတ်ရန် (သို့) ပြန်တင်သင့်သည်ဟု အခြေခံအားဖြင့်ဆိုလိုခြင်းဖြစ်သည်။

အလားတူ စာရင်းမျိုးကို ၂၀၁၆ ခုနှစ်ကလည်း ထုတ်ပြန်ခဲ့သည်။ ထို့ပြင် စာရင်း၏ လေးနက်မှုနှင့် ယုံကြည်စိတ်ချရမှုကို ထိထိရောက်ရောက် ထိန်းသိမ်းနိုင်ရေးအတွက် လိုအပ်ချက်များနှင့် မကိုက်ညီသော၊ နေ့စဉ်စွမ်းဆောင်ရည် ညံ့ဖျင်းသော၊ သြဇာလွှမ်းမိုးမှုကင်းမဲ့သော သတင်းယူနစ်များကို စာရင်းမှ ဖယ်ရှားခဲ့သည်ဟု ဆိုသည်။

ယခုစာရင်းနှင့် ၂၀၁၆ ခုနှစ် စာရင်းတို့ကို နှိုင်းယှဉ်ပါက စာရင်းအသစ်သည် သိသိသာသာပြောင်းလဲမှု ၅ ချက်ရှိသည်ဟုအစီရင်ခံစာကဆိုသည်။

ပထမတစ်ချက်အနေဖြင့် အရေအတွက်သည် လွန်စွာများပြားလာပြီး စာရင်းရှိအရေအတွက်သည် ယခင်ထက် ၄ ဆနီးပါးရှိသည်။

ဒုတိယအချက်မှာနယ်ပယ် ကွဲပြားပြီး သီအိုရီဆိုင်ရာဝက်ဘ်ဆိုက်များနှင့်မီဒီယာအများအပြား၊ အထူးသတင်းရင်းမြစ်များကို စာရင်းအသစ်တွင် ထည့်သွင်းထားသည်။ ငွေကြေးနှင့် စီးပွားရေး ဝက်ဘ်ဆိုက်များနှင့် မီဒီယာ၊စစ်တပ်ဝက်ဘ်ဆိုဒ်များနှင့် မီဒီယာများ၊ စီးပွားရေး၊ လူ့အဖွဲ့အစည်းနှင့် လူတို့၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းဆိုင်ရာ မီဒီယာအုပ်စုတစ်စုတို့သည် ပိုမိုကျယ်ပြန့်စွာ လွှမ်းခြုံနိုင်ပြီး ပိုမိုကွဲပြားသော အကြောင်းအရာများပါရှိသည်။

တတိယအနေနှင့် ပထမဆုံးအကြိမ်အဖြစ် စာရင်းထဲရှိ ပြည်သူတို့၏ အကောင့်များနှင့် အပလီကေးရှင်းများ ပါဝင်သည်။တရားဝင်အကောင့်များ ကနေ့စဉ်သတင်းများ တင်လေ့ရှိသည့် WeChatကဲ့သို့သော တရုတ်အက်ပလီကေးရှင်းများတွင် အများပြည်သူဆိုင်ရာအကောင့်များနှင့် အပလီကေးရှင်းများကို တွေ့ရှိရသည်။

စတုတ္ထအချက်မှာနိုင်ငံအဆင့်ငွေကြေးဆိုင်ရာမီဒီယာစင်တာများကိုလည်းစာရင်းထဲသို့ထည့်သွင်းထားသည်။

ပဉ္စမအနေနှင့် ထုတ်ဝေရေးမူဝါဒများနှင့် ဒေသများနှင့်ဌာနအားလုံး၏ အာဏာသုံးသော အသံများအတွက် ခိုင်မာသောအာမခံချက်ပေးနိုင်ရန်အစိုးရရေးရာဖြန့်ချိရေး လုပ်ငန်းကိုအကြီးအကျယ်တိုးချဲ့ခဲ့သည်။ Cyberspace Administration of China မှ ပြောရေးဆိုခွင့်ရှိသူက ယခုအချိန်မှစ၍ အင်တာနက်သတင်း အချက်အလက်ဝန်ဆောင်များအနေဖြင့် သတင်းအချက်အလက်များကို ပြန်လည်ပုံနှိပ်သည့်အခါ ၎င်းတို့သည် "အင်တာနက်သတင်းများ၏ အရင်းအမြစ်များစာရင်း" နောက်ဆုံးထုတ်ပြန်ချက်ကို လိုက်နာရမည်ဖြစ်ပြီး ဤစာရင်း၏ အတိုင်းအတာထက် ကျော်လွန်၍ ပြန်လည်ပုံနှိပ်သူများသည် ဥပဒေ၊ နည်းဥပဒေများနှင့်အညီအပြစ်ပေးခံရမည်ဖြစ်ကြောင်း အလေးအနက်ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly