စစ်ကောင်စီတပ်ပစ်၍ သေဆုံးသွားသော ရွာသား ၃ ဦး ရုပ်အလောင်းကို ၃ ရက်ကြာသည်အထိပြန်မပေးသေး

စစ်ကောင်စီတပ်ပစ်၍ သေဆုံးသွားသော ရွာသား ၃ ဦး ရုပ်အလောင်းကို ၃ ရက်ကြာသည်အထိပြန်မပေးသေး

အောက်တိုဘာ ၂၅

စစ်ကောင်စီတပ်ကစီးနင်းပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သော ရွာသားသုံးဦး၏ရုပ်အလောင်းများမှာ သုံးရက်ကြာပြီဖြစ်သော်လည်း ပြန်မရသေးကြောင်း ခင်ဦးမြို့နယ် ဗအိုးကျေးရွာသားများက မဇ္ဈိမကိုပြောသည်။

နံနက်စ ၄ နာရီအချိန်တွင် စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် အသက် ၄၃ နှစ်အရွယ် ကိုသိန်းတင့်၊ အသက် ၅၂ နှစ်အရွယ် ကိုမြဝင်းနှင့် အသက် ၃၅ နှစ်အရွယ် ကိုနန်းလွင်တို့ ကျည်ထိမှန်ဒဏ်ရာရပြီး သေဆုံးခဲ့ကြသည်။

'' မြေမြှပ်ဖို့တော့ ခွင့်ပြုသင့်တာပေါ့၊ အလောင်းလဲ ကောက်လို့မရဘူး၊ ခုထိလည်း ပြန်ထုတ်မပေးကြဘူး၊ တော်တော်လူမဆန်တဲ့လုပ်ရပ်ပဲဗျာ'' လို့ ရွာသားတစ်ဦးကဆိုသည်။

ထို့အပြင် အသက် ၅၂နှစ်အရွယ် ဦးသိန်းဆွေမှာ ခြေထောက်ကို ကျည်ထိမှန်ပြီး အပြင်းအထန် ဒဏ်ရာရထားကြောင်း သိရသည်။

စစ်ကောင်စီတပ်က ပစ်ခတ်၍သေဆုံးသွားသူများသည် သာမန်အရပ်သားများဖြစ်ကြသော်လည်း ရုပ်အလောင်းများကိုဓာတ်ပုံရိုက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်များဖြစ်သည်ဟု ဇာတ်လမ်းထွင်ကာ စစ်ကောင်စီတပ်က သတင်းလွှင့်နေသည်ဟုလည်း ဒေသခံများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly