ကျောက်ပန်းတောင်းမြို့နယ် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပစ်သတ်ခဲ့သည်ဟုဆို

ကျောက်ပန်းတောင်းမြို့နယ် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပစ်သတ်ခဲ့သည်ဟုဆို

အောက်တိုဘာ ၂၄

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်တွင်းရှိ ကမ္ဘာတဲကျေးရွာ၏ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးသောင်းအေးဆိုသူကို ယနေ့ အောက်တိုဘာ ၂၄ရက် ညနေ ၃နာရီက ပစ်သတ်ခဲ့ကြောင်း TTA- ပြောက်ကျားတပ်(တောင်သာ)က မဇ္ဈိမကိုပြောသည်။

အုပ်ချုပ်ရေးမှူး ဦးသောင်းအေးဆိုသူသည် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးဖြစ်ပြီး မှုခင်းသတင်းထောက်တစ်ဦးလည်းဖြစ်ကာ ၎င်းမှာ စစ်ကောင်စီတပ်သားများကို ရွာသို့ခေါ်ပြီး ကျေးရွာကို ဖျက်ဆီးခြင်း၊ ရွာသားများအား ဖမ်းဆီးခြင်းများ လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

"သေနတ်နဲ့ ၅ချက်ပစ်ခဲ့တယ်။ ကျွန်တော်တို့ ရင်ဘက်တည့်တည့်ကို ပစ်လိုက်တာ နှလုံးတည့်တည့်ကိုပေါ့၊ သူ့ကို ၅ ချက်ပစ်ခဲ့တယ် ရွာထဲကို သေနတ်သုံးချက်ဖောက်ခဲ့တယ်"ဟု TTA -ပျောက်ကျားတပ်(တောင်သာ)မှ တာဝန်ရှိသူက မဇ္ဇျိမကိုပြောသည်။

အောက်တိုဘာ ၁၅ရက်က အုပ်ချုပ်ရေးမှူး ဦးသောင်းအေး၏ တိုင်တန်းမှုကြောင့် ကမ္ဘာတဲတောင်ရွာ၊ မြောက်ရွာများသို့ စစ်ကောင်စီတပ်မှ ကား ၁၁ စီးဖြင့် စစ်သား ၇၅ ဦး ရောက်လာပြီး ရွာသားများအား ဖမ်းဆီးခြင်း၊ ကျေးရွာတွင်းမှ အိမ်များအား ဖျက်ဆီးခြင်းများ လုပ်ခဲ့သည်ဟု ဆိုသည်။

ယခုဖြစ်စဉ်ကို TTA -ပျောက်ကျားတပ်(တောင်သာ)၊ Guardians of Mahlaingအဖွဲ့နှင့် 21-KPG အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly