အောက်တိုဘာလ ၂၄ ရက်
အာဏာသိမ်းစစ်ကောင်စီလက်အောက် တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့သည့်ရဲတပ်ဖွဲ့ဝင် သုံးဦးကို လွတ်မြောက်နယ်မြေသို့ ယနေ့ပို့ဆောင်ပေးလိုက်နိုင်ကြောင်း ကျောက်ဆည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) က ပြောသည်။
နန္ဒပြုံးမောင်(ကိုယ်ပိုင်အမှတ် ၂၇၄×××)၊ ထူးဝေဦး(ကိုယ်ပိုင်အမှတ် ၂၇၄×××) နှင့် ဗိုလ်ဗိုလ်ဟိန်း(ကိုယ်ပိုင်အမှတ် ၂၇၇×××) တို့ဖြစ်ကြောင်း ကျောက်ဆည်ခရိုင်မဟာမိတ်ချန်နယ်ကတစ်ဆင့်ထုတ်ပြန်ချက်တွင်ပါရှိသည်။
KPDF က အောက်တိုဘာ ၆ ရက်နေ့ကလည်း စစ်ကောင်စီတပ်သားတစ်ဦးအား လွတ်မြောက်နယ်မြေ သို့ပို့ဆောင်ပေးနိုင်ခဲ့ပြီး အဆိုပါစစ်သားသည် ကျောက်ဆည်မြို့ရုံးပေါင်းစုံခရိုင်ရုံးမှ CDM ပြုလုပ်လာသည့်စစ်သားဖြစ်သည်။