မတူပီ ကာကွယ်ရေးအဖွဲ့က စစ်ကောင်စီသတင်းပေး ၃ ဦးကို ကွပ်မျက်၊ ၃ ဦး အပြစ်လွတ်လွှတ်ပေး

မတူပီ ကာကွယ်ရေးအဖွဲ့က စစ်ကောင်စီသတင်းပေး ၃ ဦးကို ကွပ်မျက်၊ ၃ ဦး အပြစ်လွတ်လွှတ်ပေး

အောက်တိုဘာလ ၂၄ ရက်

မတူပီမြို့တွင် စစ်ကောင်စီကို သတင်းပေးနေသူဟု စစ်ဆေးတွေ့ရှိသဖြင့် လူသုံးဦးကို ကွပ်မျက်လိုက်ပြီး သုံးဦးကို ပြန်လွှတ်ပေးလိုက်ကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

ချင်းပြည်နယ် မတူပီမြို့တွင် အာဏာသိမ်းစစ်ကောင်စီနှင့် ပူးပေါင်းသူဟု သံသယရှိသူ ခြောက်ဦးကို ဖမ်းဆီးစစ်ဆေးပြီးနောက် အရေးယူဆောင်ရွက်ချက်ကို ချင်းကာကွယ်ရေးတပ်ဖွဲ့- မတူပီက ထုတ်ပြန်ခြင်းဖြစ်သည်။

“ ဒီဒလန်တွေက CDF သတင်းတွေကို စစ်ကောင်စီတွေဆီပေးတယ်။ ပြည်သူတွေကိုဖမ်းဆီးနှိပ်စက် တဲ့အထဲမှာ လည်းပါတယ်ဆိုတဲ့ သက်သေအထောက်အထားတွေ ရှိတယ်။ ဒါကြောင့် အနီရောင် အဆင့်သတ်မှတ်ပြီး သုတ်သင်လိုက်တာ” ဟု CDF Matupi ပြန်ကြားရေးဌာန မှ တာဝန်ရှိသူ တဉီးမှ မဇ္စ◌ျိမ ကိုပြောသည်။

ကွပ်မျက်ခံရသူများသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်ဟောင်းများဖြစ်ကြပြီး အချိန်ယူစစ်မေးပြီးမှ အတည်ပြုခြင်းဖြစ်သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly