တရုတ်နိုင်ငံတွင် စက်တင်ဘာလ၌ စက်မှုလုပ်ငန်းများနှေးကွေးနေသည့်အကြားက တရုတ်နိုင်ငံ၏ တတိယ ၃ လပတ် စုစုပေါင်းပြည်တွင်းထုတ်ကုန် (GDP) သည် မျှော်လင့်သလောက်မကောင်းဘဲ ၄ ဒသမ ၉ ရာခိုင်နှုန်းသာတိုးတက်ခဲ့သည်။
နိုင်ငံစာရင်းအင်းဗျူရို (NBS) က အောက်တိုဘာ ၁၈ ရက်က GDPသည် လွန်ခဲ့သောနှစ်ကထက် တတိယ ၃ လပတ်တွင် ၄ ဒသမ ၉ ရာခိုင်နှုန်းသို့ တိုးတက်ခဲ့ကြောင်း ဆင်ဟွာကဖော်ပြသည်။
လေ့လာသူများ ခန့်မှန်းထားသည်ထက် နည်းပါးပြီး ဇူလိုင်နှင့် စက်တင်ဘာလများအကြားတွင် တိုးတက်မှုကို ၅ ရာခိုင်နှုန်းခန့်မှန်းခဲ့သည်ဟုBloomberg က ဖော်ပြသည်။
စက်တင်ဘာလတွင် မြို့ပြအလုပ်လက်မဲ့နှုန်းသည် ၄ ဒသမ ၉ ရာခိုင်နှုန်းရှိသော်လည်း အသက် ၁၆ နှစ်မှ ၂၄နှစ်အတွင်းရှိ သူများ၏ အလုပ်လက်မဲ့နှုန်းသည် ပိုမိုမြင့်မားပြီး ၁၄ ဒသမ ၆ ရာခိုင်နှုန်းရှိသည်။
ထိုအတောအတွင်း ၂၀၂၁ ခုနှစ် ပထမ ၃ လပတ်အတွက် တိုင်းပြည်၏GDP သည် ၉ ဒသမ ၈ ရာခိုင်နှုန်းတိုးတက်ခဲ့လာသည်။
ကနဦးခန့်မှန်းချက်များအရ ၂၀၂၁ ခုနှစ် ပထမ ၃ လပတ်အတွက် တရုတ်နိုင်ငံ၏ GDPသည် ယွမ်ပေါင်း ၈၂ ဒသမ ၃၁၃ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၈ ထရီလီယံ) ထိ မြင့်တက်ခဲ့ကာ နှစ်စဉ်သတ်မှတ်ချက်များတွင် ၉ ဒသမ ၈ ရာခိုင်နှုန်းတိုးခဲ့သည်ဟု NBS က ဆိုသည်။
တရုတ်အစိုးရက ၂၀၂၁ ခုနှစ်တွင် စုစုပေါင်း GDP တိုးတက်မှုနှုန်း ၆ ရာခိုင်နှုန်းရှိမည်ဟု မျှော်မှန်းထားသည်။ ယခုနှစ် ပထမနှစ်ဝက်တွင် GDPသည် ၁၂ ဒသမ ၇ ရာခိုင်နှုန်းတိုးလာသည်။
၂၀၁၉ ခုနှစ်တွင် တရုတ်စီးပွားရေးသည် ၆ ရာခိုင်နှုန်းတိုးတက်ခဲ့သည်။ ပြီးခဲ့သည့်နှစ်က ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါများအကြား တိုးတက်မှုနှုန်းသည် ၂ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းသည်အထိ နှေးသွားပြီးနှစ်ပေါင်း ၄၀ အတွင်း အဆိုးရွားဆုံးဖြစ်သည်။