ထိုင်ဝမ်ကိစ္စနှင့် ပတ်သက်ပြီး တရုတ်အစိုးရကို မယုံကြည်ကြောင်း တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် လျာထားခြင်းခံရသူက ပြောကြား

ထိုင်ဝမ်ကိစ္စနှင့် ပတ်သက်ပြီး တရုတ်အစိုးရကို မယုံကြည်ကြောင်း တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် လျာထားခြင်းခံရသူက ပြောကြား

ထိုင်ဝမ်ကို အင်အားသုံးပြီး သိမ်းပိုက်မည်ဟု တရုတ်ခေါင်းဆောင်များက ခြိမ်းခြောက်နေခြင်းက ထိုင်ဝမ်ကိစ္စနှင့် ပတ်သက်ပြီး ကွန်မြူနစ်အစိုးရကို ယုံကြည်၍ မရနိုင်ကြောင်းဖော်ပြနေသည်ဟု တရုတ်ပြည်ဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် လျာထားခြင်းခံရသူက ပြောကြားလိုက်သည်။

တရုတ်၏ ရန်လိုမှု၊ ခြိမ်းခြောက်သည့် နည်းဗျူဟာ၊ လူမျိုးတုံးသတ်ဖြတ်မှုနှင့် ကတိမတည်မှုများကြောင့် ထိုင်ဝမ် ကဲ့သို့သော အရေးပါသည့် သံတမန်ရေးရာကိစ္စများတွင် တရုတ်က ကတိမတည်နိုင်ကြောင်း နိုင်ငံခြား ဆက်ဆံရေးဆိုင်ရာ အမေရိကန်ဆီးနိတ်လွှတ်တော်ကော်မီ၏ ကြားနာမှုတွင် နီကိုလတ်ဘန်းစ်က ပြောကြားခဲ့သည်။

လွန်ခဲ့သော ၁၀ ရက်က တရုတ်လေယာဉ် အစင်း ၁၅၀ သည် ထိုင်ဝမ်လေပိုင်နက်ထဲသို့ ကျူးကျော်မှုသည် လုံးဝ လက်ခံနိုင်ဖွယ်မရှိကြောင်း သူက ပြောကြားခဲ့သည်။

“ ဒီပြဿနာမှာ တရုတ်ကို လုံးဝမယုံသင့်ပါဘူး၊ သူတို့ရဲ့ အပြောအဆိုကို သတိထားဖို့လိုပါတယ်၊ သတိထားပါ။ မကြာသေးခင်လတွေက တရုတ်ခါင်းဆောင်နဲ့ တခြားခေါင်းဆောင်တွေရဲ့ ပြောစကားတွေအရ ထိုင်ဝမ်ကို ပြန်သိမ်းပိုက်ဖို့ ရည်ရွယ်နေပါတယ်” ဟု ဘန်းက ပြောကြားခဲ့သည်။

တရုတ်က ထိုင်ဝမ်ကိုအင်အားသုံး သိမ်းပိုက်မည်ဟူသော ပြောဆိုမှုများ ပိုမိုများပြားလာပြီးနောက် သမ္မတ ရှီကျင့်ဖျင်က ပြန်လည်ပေါင်းစည်းရေးသည် ငြိမ်းချမ်းစွာဖြစ်သင့်ကြောင်း ပြောဆိုပြီး တင်မားမှုကို လျှော့ချရန် ကြိုးပမ်းခဲ့သည်။

သို့သော် သမ္မတ ရှီကျင့်ဖျင်၏ မှတ်ချက်များသည် ထိုင်ဝမ်၏ ကာကွယ်ရေးတပ်ဖွဲ့များကို တရုတ်စစ်တပ်က ဆက်လက် စုံစမ်းစစ်ဆေးမှုများပြုလုပ်နေခြင်းကြောင့် စကားရှေ့နောက်မညီဘဲ၊ တရုတ်၏ ကျူးကျော်မှုများအတွက် ဖြစန်နိုင်သည့်နည်းလမ်းများဖြင့် ကာကွယ်သွားမည်ဟု ထိုင်ဝမ်သမ္မတ စိုင်အန်ဝမ်က Foreign Affairs မဂ္ဂဇင်းတွင် သတိပေးရေးသားခဲ့သည်။

ခက်ခဲသော အခြေအနေအတွက် ထိုင်ဝမ်၏ အင်အား မညီမျှသည့် ကာကွယ်မှုများနှင့် စွမ်းရည်များမြှင့်တင်ရန် အမေရိကန်တွင် တာဝန်ရှိသည်ဟု ယခုသီတင်းပတ်က ဆီးနိတ်လွှတ်တော်သို့ ဘန်းက ပြောကြားခဲ့သည်။

ဟောင်ကောင်ကို ဗြိတိန်က တရုတ်သို့ လွှဲပြောင်းပေးအပ်စဉ်က သူသည် ဟောင်ကောင်တွင် ရှိနေခဲ့ပြီး ဟောင်ကောင်ပြည်သူများနှင့် ကမ္ဘာကြီးအား ပါတီခေါင်းဆောင်များက ပြုခဲ့သည့် ကတိကဝတ်များကို အထူးသတိရဆဲဖြစ်ကြောင်း သူက ထပ်လောင်း ဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly