ဆရီနဂါတွင် အထပ်များစွာပါဝင်သည့် အများပြည်သူသုံး ယာဉ်ရပ်နားသည့်နေရာ ဖွင့်လှစ်

By India Blooms News Service
23 October 2021
ဆရီနဂါတွင် အထပ်များစွာပါဝင်သည့် အများပြည်သူသုံး ယာဉ်ရပ်နားသည့်နေရာ ဖွင့်လှစ်

အိန္ဒိယနိုင်ငံ၊ ဂျမူးနှင့် ကက်ရှ်မီးယားဒေသရှိ ဆရီနဂါမြို့တွင်းမှ နိုင်ငံပိုင် ကားဂိုဒေါင်ဟောင်းနေရာတွင် အထပ်များစွာပါဝင်သည့် အများပြည်သူသုံး ယာဉ်ရပ်နားနေရာတစ်ခုကို အောက်တိုဘာ ၁၆ ရက်တွင် ဖွင့်လှစ်လိုက်သည်။

တည်ဆောက်မှု ပြီးစီးသည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း တရားဝင်ဖွင့်လှစ်ရန် စောင့်ဆိုင်းနေရသောကြောင့် ပြည်သူများက အသုံးပြုနိုင်ရန် ကြာမြင့်နေခြင်းဖြစ်သည်။

အဆိုပါ ယာဉ်ရပ်နားသည့် အဆောက်အအုံအား ကက်ရှ်မီးယားဒေသ လက်ထောက်အုပ်အချုပ်ရေးမှူး မနော့ ဆင်ဟာက ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။

အနီးဝန်းကျင်ရှိ လူစည်ကားရာအရပ်နှင့် ရုံးများအပါအဝင် မြို့လယ်ရှိ ဈေးများသို့ လာရောက်သည့် ဈေးဝယ်သူများ၊ဝန်ထမ်များနှင့် အခြားပြည်သူများအတွက် ရည်ရွယ်ကာ အဆိုပါ ယာဉ်ရပ်နားသည့် အဆောက်အအုံကို ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

ဆရီနဂါ မြို့တော်ဖွံ့ဖြိုးရေးအာဏာပိုင်အဖွဲ့ (SDA) က တည်ဆောက်ခဲ့သည့် အဆိုပါ ၄ ထပ် အဆောက်အအုံအတွက် ကုန်ကျစရိတ် ရူပီး ၂၆ ဒသမ ၉၂ ကုဋေ ရှိခဲ့ပြီး ဘီး ၄ ဘီးပါ ယာဉ် ၄၆၇ စီးနှင့် ဆိုင်ကယ် ၁၃၂ စီးတို့ တစ်ချိန်တည်း ထားရှိနိုင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly