ရန်ကုန် ကုန်သွယ်မှုဗဟိုဌာနတွင် ဗုံးတွေ့

ရန်ကုန် ကုန်သွယ်မှုဗဟိုဌာနတွင် ဗုံးတွေ့

အောက်တိုဘာ ၂၂

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ် အထက်ပုဇွန်တောင်လမ်းမပေါ်တွင်ရှိသော ကုန်သွယ်မှုဗဟိုဌာနအရှေ့ ဆင်ဝင်အောက်တွင် ယနေ့ အောက်တို ဘာ ၂၂ရက် နေ့လည် ၂ နာရီခန့်က ဗုံးတွေ့ရှိခဲ့ကြောင်း အနီးနားတွင် နေထိုင်သူများက ပြောသည်။

"ဆင်ဝင်အောက်မှာ တွေ့တာ။ ဗုံး၃ လုံးတွေ့တာ ပေါက်တော့ မပေါက်သေးဘူး။ အဲ့ရှေ့က ဈေးသည်တွေက တွေ့လို့ အုပ်ချုပ်ရေးမှုးကို အကြောင်း ကြားလိုက်တာ။ အုပ်ချုပ်ရေးမှုးက စစ်ကောင်စီကို ခေါ်လိုက်တယ်"ဟု

အနီးရှိပြည်သူတစ်ဦးက ပြောသည်။

အဆိုပါ ကုန်သွယ်မှုဗဟိုဌာနရှေ့တွင် ဖွင့်လှစ်ထားသည့် မုန့်ဆိုင်တစ်ဆိုင်က မသင်္ကာဖွယ်ရာ ပစ္စည်းတစ်ခုကို တွေ့ရှိရာမှ အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်သားများ ရဲများ အယောက် ၃၀ ခန့် နေ့လည် ၂နာရီခန့်တွင် ရောက်ရှိစစ်ဆေးခန့်ပြီး ဗုံးဟုယူဆရသော အရာကို ၂ နာရီခွဲခန့်တွင် တွေ့ရှိခဲ့ကြောင်း အနီးနားက ဒေသခံများက ဆိုသည်။

လက်ရှိ ညနေ ၄ နာရီခန့်ထိ စစ်ကောင်စီတပ်သားများက ပုဇွန်တောင်စာတိုက် နှင့် ကုန်သွယ်မှုဗဟိုဌာနအနီးတစ်ဝိုက်ကို လမ်းပိတ်ဆို့ကာ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။

ကုန်သွယ်မှုဗဟိုဌာနအနီးတွင် စစ်ကောင်စီတပ်ကားများ မကြာခဏ လာရောက်ရပ်နားလေ့ရှိပြီး ထိုနေရာတွင် လမ်းပိတ်ဆို့ စစ်ဆေးမှုများလည်း မကြာခဏလုပ်လေ့ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly