ပါကစ္စတန်တွင် စီးပွားရေးအကျပ်အတည်း နက်ရှိုင်းနေပြီး ပြင်ပမှ ဒေါ်လာ ၅၁ ဘီလျံကျော် ရရှိရန် လိုအပ်နေ

ပါကစ္စတန်တွင် စီးပွားရေးအကျပ်အတည်း နက်ရှိုင်းနေပြီး ပြင်ပမှ ဒေါ်လာ ၅၁ ဘီလျံကျော် ရရှိရန် လိုအပ်နေ

ပါကစ္စတန်တွင် နက်ရှိုင်းစွာ ဖြစ်ပေါ်နေသော စီးပွားရေးအကျပ်အတည်းကို ဖြေရှင်းရန် ၂၀၂၁-၂၀၂၁ ခုနှစ် ၂ နှစ်တာကာလအတွင်း ပြင်ပမှ အသားတင်ဝင်ငွေ အမေရိကန်ဒေါ်လာ ၅၁ ဒသမ ၆ ဘီလျံ လိုအပ်လျက်ရှိသည်။

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က အရိုးရှင်းဆုံးခန့်မှန်းထားသော်လည်း ပါကစ္စတန်၏ ပြင်ပမှ ငွေကြေးလိုအပ်ချက်သည် ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ဒေါ်လာ ၂၃ ဒသမ ၆ ဘီလျံနှင့် ၂၀၂၂-၂၀၂၂၃ ခုနှစ်တွင် ဒေါ်လာ ၂၈ ဘီလျံအသီးသီး လိုအပ်လျက်ရှိကြောင်း The News International တွင် ဖော်ပြထားသည်။

ပြင်ပမှဘဏ္ဍာလိုအပ်ချက် ကွာဟမှုကို လျော့နည်းစေရန် ပါကစ္စတန်အာဏာပိုင်များက IMF နှင့် ဆွေးနွေးကာ အောက်ခြေအဆင့် သဘောတူညီချက်ရရှိရန် နောက်ဆုံးအဆင့် ကြိုးပမ်းမှုများကို လုပ်ဆောင်လျက်ရှိသည်။ ထပ်ဆောင်းရန်ပုံငွေ ပံ့ပိုးမှု (EFF) အစီအစဉ်တွင်ပါဝင်သည့် ကန်ဒေါ်လာ ၆ ဘီလျံအတွက် IMF နှင့် ဝါရှင်တန်တွင် ပြုလုပ်နေသည့် ခက်ခက်ခဲခဲ ဆွေးနွေးပွဲတွင် သဘောတူညီချက်မရရှိပါက ကမ္ဘာ့ဘဏ် (WB )၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB )တို့ကဲ့သို့ အဓိက ချေးငွေထုတ်ပေးသည့် အဖွဲ့အစည်းများထံမှ ချေးငွေအစီအစဉ်များ ရပ်ဆိုင်းခံရပြီး ပြင်ပမှ ဘဏ္ဍာငွေ အသားတင်လိုအပ်ချက်နှင့် ပတ်သက်၍ အခက်အခဲများစွာ ကြုံတွေ့ရနိုင်သည်ဟု The News International တွင် ဖော်ပြထားသည်။

ချေးငွေများကို WB နှင့် ADB တို့က ဆက်လက်ထုတ်ပေးမည်ဖြစ်သော်လည်း စီမံကိန်းများအကောင်အထည်ဖော် သည့် စွမ်းဆောင်မှုကို အကဲဖြတ်၍ ငွေထုတ်ပေးသည့် ပမာဏလျော့နည်းမည်ဖြစ်သည်။ ချေးငွေအဆင့် သတ်မှတ်သည့် အဖွဲ့အစည်းများကလည်း နိုင်ငံ၏ အဆင့်ကို လျှော့ချသတ်မှတ်မည် ဖြစ်သောကြောင့် နိုင်ငံတကာ စာချုပ်များမှ အာမခံဖြင့် ငွေကြေးရရှိရန် လုပ်ဆောင်ရာတွ် ဈေးနှုန်းကြီးမြင့်လာမည်ဖြစ်သည်။

အခွန်ကောက်ခံမှုစနစ် ပုံစံပြောင်းလဲထားခြင်းများကို ဖယ်ရှားရန် IMF က တောင်းဆိုထားသလို ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများအပေါ် အခွန် (GST ) ကင်းလွတ်ခွင့်နှင့် နှုန်းထားများကို စံသတ်မှတ်နှုန်းဖြစ်သည့် ၁၇ ရာခိုင်နှုန်းထားရှိရန် ထောက်ပြထားသည်။ ရေနံ၊ လောင်စာဆီနှင့် ချောဆီ(POL) ထုတ်ကုန်များ အပေါ် စံ GST နှုန်း ၁၇ ရာခိုင်နှုန်း ကောက်ခံရန်နှင့် မြေဩဇာ၊ ထွန်စက်နှင့် အခြားပစ္စည်းများအပေါ်တွင်လည်း စံသတ်မှတ်နှုန်း ၁၇ ရာခိုင်နှုန်း သတ်မှတ်ရန် တောင်းဆိုချက်တွင် ပါရှိသည်။

သို့သော် ယင်းကဲ့သို့ သတ်မှတ်ချက်သည် ဘေးဖယ်ခံထားရသည့် စိုက်ပျိုရေးကဏ္ဍကို ပိုမိုခွဲခြားသကဲ့သို့ ဖြစ်စေနိုင်သောကြောင့် ယင်းအဆိုပြုချက်များကို ပါကစ္စတန်အာဏာပိုင်များက ကန့်ကွက်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly