ပုဒ်မ ၃၉၆ ဖြင့် လူပေါင်း ၂၃ ယောက်အား သေဒဏ်ပေးလိုက်ပြီဆိုတဲ့ သတင်းအမှားပြန့်နှံ့နေ

ပုဒ်မ ၃၉၆ ဖြင့် လူပေါင်း ၂၃ ယောက်အား သေဒဏ်ပေးလိုက်ပြီဆိုတဲ့ သတင်းအမှားပြန့်နှံ့နေ

အောက်တိုဘာ ၂၁

မနေ့က အောက်တိုဘာလ ၂၀ ရက် သီတင်းကျွတ် လပြည့်နေ့တွင် ပုဒ်မ ၃၉၆ ဖြင့် မြောက်ဥက္ကလာမှ လူပေါင်း ၁၉ ယောက်၊ ပဲခူးမှ ၄ ယောက် စုစုပေါင်း လူပေါင်း ၂၃ ယောက်ကို သေဒဏ်ပေးလိုက်ကြောင်းသတင်းတစ်ခု ပြန့်နှံ့နေသည်။

ဒေါ်ခိုင်နှင်းဝေဆိုသည့် အကောင့်မှ လူပေါင်း ၂၃ ဦးအား သေဒဏ်ပေးခံရကြောင်း စတင်တာတွေ့ရပြီး အဆိုပါ သတင်းကို ည ၈ နာရီ MRTV တွင်ကြေညာသွားသည်ဟုဆိုသည်။ ဒီသတင်းကို လူပေါင်း ၈၆၀၀ ကျော်မှ ပြန်လည်မျှဝေမှု ရှိတာကိုတွေ့ရသည်။

သို့သော် အဆိုပါ ကြေညာချက်မျိူးကို စစ်ကောင်စီ လက်အောက်ခံ မီဒီယာ မြန်မာအသံ၏ ည ရှစ်နာရီ သတင်းတွင် ထည့်သွင်းကြေညာသွားတာ မရှိတာကို မဇ္ဈိမ သတင်းဌာန၏ သတင်းမှား တိုက်ဖျက်ရေး အစီအစဉ်မှ အချက်အလက်စစ်ဆေးသူများက တွေ့ရှိရသည်။

မဇ္ဈိမ သတင်းမှားတိုက်ဖျက်ရေးအစီအစဉ်မှ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ထံ ဆက်သွယ်မေးမြန်းရာမှာ “ ယခု ပြန့်နှံ့နေသည့် သတင်းကိုတွေ့ရှိရကြောင်းနဲ့ လက်ရှိကာလဟာ ရုံးပိတ်ရက်ကာလ ဖြစ်နေတာကြောင့် မဖြစ်နိုင်ဖူး “ ဟု ပြောကြားသွားသည်။

ထို့ကြောင့် လက်ရှိပြန့်နှံ့နေသည့် ပုဒ်မ ၃၉၆ ဖြင့် လူပေါင်း ၂၃ ဦးအား သေဒဏ်ပေးလိုက်ပြီဆိုတဲ့ သတင်းသည် သတင်းအမှားသာဖြစ်ကြောင်း ပြောကြားလိုပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly