မန္တလေး ကျောက်ဝိုင်းတွင် ပဒေသာမိုင်း ၅ လုံးလျာထားပြီးဖြစ်သည်ဟု ပြောက်ကျားတပ်ဖွဲ့ သတိပေး

မန္တလေး ကျောက်ဝိုင်းတွင် ပဒေသာမိုင်း ၅ လုံးလျာထားပြီးဖြစ်သည်ဟု ပြောက်ကျားတပ်ဖွဲ့ သတိပေး

အောက်တိုဘာ ၂၀

မန္တလေး ကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်းတွင် မိုင်းငါးလုံးလျာထားပြီး ဖြစ်ကြောင်း အရောင်းအဝယ်ပြုနေသူများကို ပြောက်ကျားတပ်ဖွဲ့က သတိပေး လိုက်သည်။

" သံလျှက်မှော်အရှေ့ ကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်းအား သတိပေး ရန် ပဒေသာ ငါးလုံးလျာထားပြီးဖြစ်ပါသည်။ ... လူကြီးမင်းများအနေဖြင့် ကျောက်မျက်ရတနာရောင်း ဝယ်ရေးဝိုင်းအတွင်းမှာ ဆက်လက်လုပ်ကိုင် မည်ဆိုပါက အကြမ်းဖက်စစ်ကောင်စီများနှင့် အနီးကပ်ရှိနေနိုင်သောကြောင့် သတိထားဆင်ခြင်နိုင်ရန် သတိပေးထုတ်ပြန်လိုက်သည်။" ဟု အောက်တိုဘာ ၁၉ ရက်နေ့နေ့စွဲတပ် ထုတ်ပြန်ချက်တွင်ပါရှိသည်။

အောက်တိုဘာ ၁၉ရက်နေ့မှာလည်း အဆိုပါကျောက်ဝိုင်းအနောက်ဘက် ရဲကားအနီးတွင် ဗုံးဖောက်ခွဲခဲ့သည်မှာလည်း ၎င်းတို့လက်ချက်ဖြစ်သည်ဟု ဆိုသည်။

'ကျောက်ဝိုင်းအနောက်ပေါက်မှာ ကားနှစ်စီး အမြဲရပ်ထားတတ်တယ် ကားပေါ် မှာ လူမရှိဘူး။ ကားရပ်ပြီး သူတို့က ကင်းပုန်းဝပ်နေကြတာ ၊ သတိပေးဗုံးခွဲ တုန်းက ကားက ပျက်စီးမှုမရှိပါဘူး ''ဟု GZP အဖွဲ့ ပြန်ကြားရေး တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

'' ကျွန်တော်တို့အနေနဲ့ အဓိကကတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ ထောက် တိုင်မှန်သမျှကို ရိုက်ချိူးပစ်ရမယ်လို့ ခံယူထားတယ်။အဲဒါကြောင့်မို့ ကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်းသည်လည်း အကြမ်းဖက် စစ်ကောင်စီ၏ ဘဏ္ဍာရေးအရ ထောက်တိုင်တစ်ခုဖြစ်တာကြောင့် ရပ်တန့် ပစ်ရမှာပါ'' ဟု သူက ဆက်ပြောသည်။

မဟာအောင်မြေမြို့နယ်၊ ၈၈ လမ်းနှင့် ၈၉ လမ်း ကြား၊ ၃၉ လမ်းနှင့် ၄၀ လမ်း ကြားတွင် တည်ရှိသော ကျောက်ဝိုင်းကို COVID-19 ရောဂါကူးစက်မှု ထိန်းချုပ် ရေးအစီအစဉ်အောက် ၂၀၂၀ ပြည့်နှစ် မတ်လကုန်ပိုင်းကတည်းက ပိတ်ထားခဲ့ ခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီ၏ မန္တလေးစည်ပင်သာယာရေးကော်မတီက အောက်တိုဘာ ၁၂ ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required