‘’တော်လှန်သွေးမကုန် တောင်ဒဂုံ" သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြ

19 October 2021
‘’တော်လှန်သွေးမကုန် တောင်ဒဂုံ" သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြ

"တော်လှန်သွေး မကုန် တောင်ဒဂုံ" စစ်အာဏာရှင် ဖြုတ်ချရေး သပိတ်စစ်ကြောင်းသည် ယနေ့ အောက်တိုဘာ ၁၉ ရက်၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ၊ တောင်ဒဂုံမြို့နယ်တွင် လမ်းလျှောက် ချီတက် ဆန္ဒ ထုတ်ဖော်ခဲ့သည်။

ဆန္ဒထုတ်ဖော်သော လူငယ်များသည် "အင်းစိန် အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသည့် မတရား ဖမ်းဆီးခံခဲ့ရသော ရဲဘော်များကို အကျယ်ထောင်က ကြိုဆိုပါသည်" ဆိုသော ကြွေးကြော်သံကို ဟစ်အော်ကာ မီးတုတ်များကို ကိုင်ဆောင်၍ ဆန္ဒ ထုတ်ဖော်ခဲ့သည်။

ယနေ့ တောင်ဒဂုံမြို့နယ်တွင် ပြုလုပ်ခဲ့သော သပိတ်စစ်ကြောင်းတွင် တောင်ဒဂုံမြို့နယ်သပိတ်အဖွဲ့၊ စမ်းချောင်းမြို့နယ်သပိတ်အဖွဲ့၊ ပြည်သူ့အကျိုးပြုလူငယ် Octopus အဖွဲ့နှင့် LGBT Alliance မှ တက်ကြွလူငယ်များ ပူးပေါင်းကာ "အကျဉ်းထောင်ကရဲဘော်များ ‌အကျယ်ထောင်ကကြိုဆိုပါတယ်"ဆိုသည့် ကြွေးကြော်သံများဖြင့် စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် အန္တရာယ်ကြားမှ ချီတက်ဆန္ဒပြခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly