တရုတ် ဗဟိုဘဏ်က Evergrande၏ ကြွေးမြီအကျပ်အတည်း၏ အန္တရာယ်များကို ထိန်းချုပ်နိုင်ကြောင်း ပြောကြား

တရုတ် ဗဟိုဘဏ်က Evergrande၏ ကြွေးမြီအကျပ်အတည်း၏ အန္တရာယ်များကို ထိန်းချုပ်နိုင်ကြောင်း ပြောကြား

တရုတ် အိမ်ရာစီမံကိန်းကုမ္ပဏီ Evergrande Group ၏ ကြွေးမြီအကျပ်အတည်းနှင့် ပတ်သက်၍ နှုတ်ဆိတ် နေရာမှ ဆောက်လုပ်ရေးလုပ်ငန်းများ၏ ရုန်းကန်မှုများမှဖြစ်ပေါ်လာသော ဘဏ္ဍာစနစ်များအတွက် အန္တရာယ် များကို ထိန်းချုပ်နိုင်ပြီး ပြဿနာပျံ့နှံ့မသွားနိုင်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ပြောကြားခဲ့သည်။

အာဏာပိုင်များနှင့် ဒေသဆိုင်ရာအစိုးရများသည် “ ဈေးကွက်အခြေခံ၍ တရားဥပဒေစိုးမိုးရေးမူများ” ကို အခြေခံ၍ အခြေအနေကို ဖြေရှင်းနေသည်ဟု တရုတ်ဗဟိုဘဏ်မှ တာဝန်ရှိသူ ကျိုလန်က အောက်တိုဘာ ၁၅ရက်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ငွေရေးကြေးရေးဈေးကွက်ဌာန၏ အကြီးအကဲ ကျိုက ဗဟိုဘဏ်အနေဖြင့် ချေးငွေ ထုတ်ပေးသူများက အိမ်ခြံမြေကဏ္ဍအား “တည်ငြိမ်ပြီး စနစ်တကျ” ဖြင့် ချေးငွေတောင်းခံရန် ပြောကြားခဲ့သည်။

သမ္မတရှီကျင့်ဖျင်က အိမ်ခြံမြေဈေးကွက်တည်ငြိမ်စေရန် တင်းကျပ်သောအစီအမံများဖြင့် ထိန်းချုပ်ထားသဖြင့် Evergrande၏ ငွေအကျပ်အတည်းသည် အခြား ဆောက်လုပ်ရေးလုပ်ငန်းများသို့ ပြန်နှံ့လာမည်ကို စိုးရိမ်မှုများ မြင့်တက်လာနေသည်။

Fantasia Holdings Group နှင့် Sinic Holdings Group ကုမ္ပဏီတို့၏ အကြွေးပေးရန် ပျက်ကွက်မှု သတိပေး ချက်ကြောင့် လွန်ခဲ့သည့် နှစ်ပတ်အတွင်း ကြွေးမြီအကျပ်အတည်းပြန့်နှံ့သွားမည်ကို စိုးရိမ်နေကြသည်။

"မကြာသေးမီနှစ်တွေအတွင်း ကုမ္ပဏီက လုပ်ငန်းကို ကောင်းကောင်း စီမံခန့်ခွဲဖို့ ပျက်ကွက်ခဲ့ပြီး ပြောင်းလဲ လာတဲ့ ဈေးကွက်အခြေအနေတွေကို မျက်ခြေပျက်သွားတာကြောင့် လုပ်ငန်းတွေ အရမ်းတိုးချဲ့ပြီး လိုင်းစုံအောင်လုပ်ခဲ့ပါတယ်“ ဟု Evergrandeနှင့်ပတ်သက်ပြီး ကျိုက ပြောကြားခဲ့သည်။

ဗဟိုဘဏ်က ဆောက်လုပ်ရေးလုပ်ငန်းများနှင့် ရှယ်ယာရှင်များအား ကြွေးမြီများကို ပြန်ဆပ်ရန်လည်း တိုက်တွန်းကြောင်းလည်း ကျိုက ဆိုသည်။

ဆောက်လုပ်ရေးလုပ်ငန်းများ၏ နိုင်ငံခြားဒေါ်လာ ငွေချေးစာချုပ်များ တန်ဖိုးကျဆင်းမှုသည် အကြွေးပေးရန် ပျက်ကွက်မှုကြောင့် ဖြစ်ရိုးဖြစ်စဉ်အတိုင်း ဈေးကွက်၏ တုံ့ပြန်မှုတစ်ခုဖြစ်ကြောင်း သူက ဆက်လက် ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly