တရုတ်တွင် အကြွေးဆပ်ရန် ပျက်ကွက်မှုများကြောင့် ရင်းနှီးမြှုပ်နှံသူများက ငွေပြန်ရမည့်ရက်ကို မျှော်လင့် နေကြ

တရုတ်တွင် အကြွေးဆပ်ရန် ပျက်ကွက်မှုများကြောင့် ရင်းနှီးမြှုပ်နှံသူများက ငွေပြန်ရမည့်ရက်ကို မျှော်လင့် နေကြ

အိမ်ရာစီမံကိန်း ကုမ္ပဏီ Evergrande Group ၏ အကျပ်အတည်းများ မကြာသေးမီ သတင်းပတ်များအတွင်း ပိုမို နက်ရှိုင်း လာခဲ့သဖြင့် ကမ္ဘာ့လုံးဆိုင်ရာကူးစက်မှု ဂယက်နှင့် ငွေအများအပြားထုတ်ချေးထားသည့် လုပ်ငန်းများနှင့် ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံ သူများက ပိုမိုစိုးရိမ်နေသလို တရုတ်၏ အိမ်ခြံမြေလုပ်ငန်းများသည် ဒေါ်လာငွေချေးစာချုပ် ကြွေးမြီပြန်ဆပ်ရန် ပျက်ကွက်မှုများနှင့် ပထမဆုံးအကြိမ် ကြုံတွေ့နေရသည်။

အဆင့်မြင့်တိုက်ခန်းများနှင့် မြို့ပြ ပြည့်ဖြိုးမြဲစွမ်းအင်စီမံကိန်းများတည်ဆောက်သော Fantasia Holdings Group ကုမ္ပဏီသည် အောက်တိုဘာ ၁၁ရက်တွင် ဒေါ်လာ ၂၀၅ ဒသမ၇ သန်းတန် ငွေချေးစာချုပ်အတွက် ပြန်ပေးရန် တာဝန်ကို ပျက်ကွက်ခဲ့သည်။

ယင်းကဲ့သို့ ပျက်ကွက်မှုကြောင့် အောက်တိုဘာ ၁၂ရက် နှောင်းပိုင်းတွင် အဆင့်သတ်မှတ်ချက်ကျဆင်းခဲ့ရသည်။

ဆက်လက် ထွက်ပေါ်လာသည့် စမ်းသပ်ခံရမည့် ကိစ္စများတွင် အောက်တိုဘာ ၁၅ ရက်က Xinyuan Real Estate ကုမ္ပဏီမှ ဒေါ်လာ ၂၂၉ သန်း အကြွေးပြန်ဆပ်ရမှုနှင့် Central China Real Estate Ltd. ၏ နိုဝင်ဘာ ၈ ရက်တွင် ပြန်ဆပ်ရမည့် ဒေါ်လာသန်း ၄၀ဝ ငွေချေးစာချုပ်များ ပါဝင်နေသည်။

ရက်သတ္တပတ်တစ်ပတ် အစိုးရရုံးပိတ်ရက်တွင်း ဈေးနှုန်းများ မတည်မငြိမ်ဖြစ်မှုနှင့် နိုင်ငံ၏ အကြီးဆုံးဆောက် လုပ်ရေးလုပ်ငန်းကြီးနှင့် အာရှတွင် အတိုးများပြီးမသေချာသည့် ငွေချေးစာချုပ်အများဆုံးရောင်းချသည့် ကုမ္ပဏီတစ်ခုဖြစ်သော Evergrande ၏ မသေချာမှုများဖြစ်ပေါ်နေစဉ်တွင် Fantasia ၏အကျပ်အတည်းသည် ပိုမိုကျယ်ပြန်လာခဲ့သည်။

Bloomberg အညွှန်းကိန်းအရ တရုတ်၏ အတိုးများများပေးသည့် ဒေါ်လာငွေချေးစာချုပ်များ၏ ပျမ်းမျှဈေးနှုန်းသည် အောက်တိုဘာ ၁၂ရက်တွင် ၁ ဒေါ်လာနှင့် ၃ ဆင့်ခန့် ကျဆင်းခဲ့သည်။

Sunac China Holdings Ltd. နှင့် China Aoyuan Group Ltd. ၏ ဆောက်လုပ်ရေးလုပ်ငန်း ရှယ်ယာများလည်း ၁၀ ရာခိုင်နှုန်းကျဆင်းခဲ့သည်။

တရုတ်အစိုးရ၏ အိမ်ရာဈေးကွက်အေးစေရန် ဆောင်ရွက်ချက်များကြောင့် ဈေးကွက်အတွင်း အိမ်အရောင်းများ စုပြုံနေစဉ် တရုတ်အာဏာပိုင်များက တင်းကျပ်သောစည်းမျဉ်းများကို ထိန်းသိမ်းချမှတ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly