တရုတ်က ဒစ်ဂျတယ်ငွေကြေးလုပ်ငန်းရှင်များကို နှိမ်နှင်းခြင်းကြောင့် အမေရိကန်က အဓိက နေရာသို့ ရောက်လာ

တရုတ်က ဒစ်ဂျတယ်ငွေကြေးလုပ်ငန်းရှင်များကို နှိမ်နှင်းခြင်းကြောင့် အမေရိကန်က အဓိက နေရာသို့ ရောက်လာ

အမေရိကန်သည် ဒစ်ဂျစ်တယ်ငွေကြေး စီမံလွှဲပြောင်း ထိန်းချုပ်လုပ်ကိုင်သည့်လုပ်ငန်း (Bitcoin mining) တွင် ကမ္ဘာ၌ ဦးဆောင်လာကြောင်း ယင်းငွေကြေးလုပ်ငန်း၏ စွမ်းအင်သုံးစွဲမှုကို ပထဝီတည်နေရာအလိုက် ခြေရာခံသောCambridge Bitcoin Electricity Consumption Index (CBECI) မှအချက်အလက်များအရ သိရသည်။

အချက်အလက်များအရ အမေရိကန်သည်လတ်တလောတွင် Bitcoin ကွန်ရက်၏hashrate(Bitcoin ကွန်ရက် တင် သုံးစွဲသည့် စွမ်းအင်ကိုတိုင်းတာသော မက်ထရစ်ယူနစ်) ၏ ၄၂ ဒသမ ၇ ရာခိုင်နှုန်းကိုအသုံးပြုသည်။

Bitcoin mining ၏ ပတ်ဝန်းကျင်ဆိုင်ရာအကျိုးသက်ရောက်မှုကြောင့် လုပ်ငန်းနယ်ပယ်ကို ထိခိုက်ကြောင်း စိုးရိမ်မှုများ မြင့်တက်လာစဉ်တွင် အမေရိကန်၏ hashrate ၁၄ ရာခိုင်နနှုန်း တိုးတက်မှုသည် Bitcoin mining ပထဝီနိုင်ငံရေးပတ်ဝန်းကျင်ပြောင်းလဲခြင်းကို ထင်ဟပ်စေသည်။

လုပ်ငန်းနယ်ပယ် ပြောင်းလဲမှုသည် ပြီးခဲ့သည့်မေလက တရုတ်အစိုးရ၏ ဒစ်ဂျစ်တယ်ငွေကြေးများထိန်းချုပ်လွှဲပြောင်းမှုများအပေါ် တားမြစ်မှုအပြီး ဖြစ်ပေါ်လာသည်။ ထိုသို့တားမြစ်မှုကြောင့် ဒစ်ဂျစ်တယ် ငွေကြေး လုပ်ငန်းများကို တုန်လှုပ်စေခဲ့ပြီး Bitcoin (BTC-USD) အပေါ် ယာယီဖိအားများ ရှိလာခဲ့သည်။ အကျိုးဆက်အနေဖြင့် တရုတ်ရှိ အဆိုပါ လုပ်ငန်းလုပ်ဆောင်သူများကို နိုင်ငံတွင်းမှထွက်ခွာခိုင်းခဲ့သည်။

Josh Goodbody ကဲ့သို့သော ခရစ်တိုအကြောင်း ဝါရင့်သူများအတွက် တရုတ်မှ အမေရိကန်သို့ ဒစ်ဂျစ်တယ်ငွေကြေးထိန်းချုပ်လွှဲပြောင်းသည့် လုပ်ငန်းများပြောင်းရွှေ့လာမှုသည် အနာဂတ် ဒစ်ဂျစ်တယ်ငွေကြေးအတွက် အပြုသဘောဆောင်သော တိုးတက်မှုဖြစ်သည်။

တရုတ်တွင် လွန်ခဲ့သော ၁ နှစ်က ဒစ်ဂျစ်တယ်ငွေကြေးထိန်းချုပ်လွှဲပြောင်းသည့် လုပ်ငန်းများအတွက် မြောက်ပိုင်းပြည်နယ်များရှိ ရုပ်ကြွင်းလောင်စာများအပြင် အထူးသဖြင့် စီချွမ်းပြည်နယ်ရှိ ရေအားလျှပ်စစ်ဆည်များအောက်ရှိ ဈေးသက်သာသော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို ရောနှော အသုံးပြုရသည်။ နိုင်ငံ၏ခြောက်သွေ့သောရာသီက ရေအားလျှပ်စစ်ထုတ်လုပ်မှုကို အကျိုးရှိရှိ လုပ်ဆောင်ရန် နည်းပါးလာသောအခါ ၎င်းက ပြဿနာဖြစ်လာသည်။

ယခုနှစ်အစောပိုင်းက Tesla (TSLA) ၏အမှုဆောင်အရာရှိချုပ်ဘီလျံနာသူဌေးကြီး အီလွန်မက်စ်သည် သူ၏လျှပ်စစ်မော်တော်ကားကုမ္ပဏီက ဒစ်ဂျစ်တယ်ငွေကြေး (Bitcoin) ကို ငွေပေးချေရာတွင် အသုံးပြုရန် ဆုံးဖြတ်ချက်ကို ပယ်ဖျက်ပြီးနောက် အုတ်အုတ်ကျက်ကျက်ဖြစ်လာခဲ့သည်။ ထိုအချိန်က မက်စ်သည်Bitcoin mining လုပ်ငန်းက အသုံးပြုသော ရုပ်ကြွင်းလောင်စာပမာဏနှင့်ပတ်သက်၍ သဘာဝပတ်ဝန်းကျင်ဆိုင်ရာစိုးရိမ်မှုများကို ထောက်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly