တောင်ငူမြို့က ပြည်ခိုင်ဖြိုးပါတီဝင် အမတ်လောင်း‌ သေနတ်ဖြင့် ပစ်သတ်ခံရ၊ Mytelတာဝါတိုင် မီးရှို့ဖျက်ဆီးခံရ

တောင်ငူမြို့က ပြည်ခိုင်ဖြိုးပါတီဝင် အမတ်လောင်း‌ သေနတ်ဖြင့် ပစ်သတ်ခံရ၊ Mytelတာဝါတိုင် မီးရှို့ဖျက်ဆီးခံရ

အောက်တိုဘာ ၁၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ယနေ့ အောက်တိုဘာ ၁၈ရက် နံနက်ပိုင်းက ပြည်ခိုင်ဖြိုးပါတီဝင် အမတ်လောင်းပစ်သတ်ခံရပြီး Mytelတာဝါတိုင် မီးရှို့ဖျက်ဆီးခံရသည်ဟု ဒေသခံများထံမှ သိရသည်။

ယနေ့ နံနက်၇နာရီ ဝန်းကျင်က ရန်မန်းလမ်းဟောင်း ပန်းစွယ်တော်ဟိုတယ်အနီးတွင် ပြည်ခိုင်ဖြိုးပါတီဝင် အမတ်လောင်းတစ်ဦး သေနတ်နှင့်ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ပစ်သတ်ခံရသူမှာ ဦးမောင်မောင်စိုးဆိုသူဖြစ်ပြီး စစ်ကောင်စီသတင်းပေးအဖြစ် နာမည်ကြီးနေသူတစ်ဦးဖြစ်သည်ဟု သိရသည်။

“မောင်မောင်စိုးကို မနက်ပိုင်းက ပစ်သတ်လိုက်တာ သိရတာက ဦးခေါင်းနှစ်ချက်၊ ဗိုက်ကို သုံးချက်ထိတယ်တဲ့။ ဆေးရုံမမီလိုက်ပါဘူး။ အရင်ရက်ကလည်း သူ့အိမ်က ထမင်းဆိုင် ဗုံးပစ်ခံရသေးတယ်ဗျ။ သူက ၂၀၂၀မှာ ကိုယ်စားလှယ်နေရာ ဝင်ရွေးသေးတယ်။ အခုတော့ တောင်ငူက ပြည်ခိုင်ဖြိုးပါတီရဲ့ နာယကလုပ်နေတယ်” ဟု အမည်မဖော်လိုသူ မြို့ခံတစ်ဦးမှ ပြောသည်။

၎င်းပြည်ခိုင်ဖြိုးပါတီ၀င် ပစ်သတ် မခံရသေးခင်နံနက် ၄ နာရီခွဲခန့် အချိန်က ဆင်ဆိပ်ကျေးရွာအုပ်စု၊ ခပေါင်းတိန် ကျေးရွာရှိ စစ်အုပ်စုပိုင် Mytel တာဝါတိုင် မီးရှို့ဖျက်ဆီးခံလိုက်ရကြောင်းသိရသည်။

အဆိုပါ ပြည်ခိုင်ဖြိုးပါတီ၀င် စစ်ကောင်စီသတင်းပေးဆိုသူ အသတ်ခံရခြင်းနှင့် Mytelဆက်သွယ်ရေးတာဝါတိုင်မီးရှို့ဖျက်ဆီးခံရသည့် ဖြစ်စဉ်ကို မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့ကြောင်း မသိရှိရသေးပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly