တရုတ်ဆောက်လုပ်ရေးလုပ်ငန်းကြီးများ ကမ္ဘာ့အန္တရာယ်အများဆုံးအဆင့် ကြွေးမြီများ တင်နေ

တရုတ်ဆောက်လုပ်ရေးလုပ်ငန်းကြီးများ ကမ္ဘာ့အန္တရာယ်အများဆုံးအဆင့် ကြွေးမြီများ တင်နေ

တရုတ်ဆောက်လုပ်ရေးကုမ္ပဏီများသည် ကမ္ဘာတွင် ဒုက္ခများနေသောဒေါ်လာငွေချေးစာချုပ်များ၏ ထက်ဝက်ခန့်အတွက် တာဝန်ရှိနေခြင်းက ယင်းလုပ်ငန်းများ၏ ပမာဏနှင့် ကမ္ဘာ့အဆင့် လုပ်ငန်းအခက်အခဲ ဖြစ်ပေါ်နေခြင်းကို ညွှန်ပြချက်ဖြစ်နေသည်။

ဒေါ်လာ ၁၃၉ ဘီလီယံတန်ဖိုးရှိ ဒေါ်လာငွေချေးစာချုပ်များကို စိတ်ပျက်စရာကောင်းသောဈေးများဖြင့် ရောင်းဝယ် နေကြပြီး ၄၆ ရာခိုင်နှုန်းမှာ တရုတ်အိမ်ခြံမြေကဏ္ဍမှ ကုမ္ပဏီများက ထုတ်ပေးထားခြင်းဖြစ်သည်ဟု Bloomberg က အောက်တိုဘာ ၁၂ ရက်ကကောက်ယူထားသောအချက်အလက်များအရ သိရသည်။

စံဈေးနှုန်းထက် အနည်းဆုံး ၁၀ ရာခိုင်နှုန်း အကောင်းဆုံး အမြတ်ပေးကာ ယင်းငွေချေးစာချုပ်များကို ရောင်းဝယ်ခဲ့ကြသည်။

Evergrande Group ၏ အကြွေးပြဿနာများသည် နိုင်ငံခြားကြွေးမြီများအတွက် ဦးစားပေးဈေးကွက်အပေါ် အကျိုးသက်ရောက်မှုများစွာ ဖြစ်ပေါ်စေခဲ့ပြီး ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို အားနည်းစေသော အခြား လက္ခဏာတစ်ခုမှာ စက်တင်ဘာလတွင် တရုတ်ဒေါ်လာ ငွေချေးစာချုပ်များ ဝယ်လိုအားကျဆင်းခဲ့ ခြင်းဖြစ် သည်။

ငွေပေးချေမှုပျက်ကွက်မှုမတိုင်ခင် ရက် ၃၀ ဆိုင်ငံ့ကာလကို ချေးငွေပျက်ကွက်မှုအဖြစ် သတ်မှတ်သည်။

Evergrande အပေါ် နောက်ထပ်ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို စမ်းသပ်မှုသည် အောက်တိုဘာ ၁၉ ရက်တွင် ဖြစ်ပြီး ယင်းနေ့တွင် ပြည်တွင်းချေးငွေများတွက် ဒေါ်လာ ၁၈ ဒသမ ၉ သန်း ထုတ်ပေးရလိမ့်မည်ဖြစ်သည်။

နိုဝင်ဘာ ၆ ရက်တွင်လည်း နှစ်ဒေါ်လာငွေစုလက်မှတ်များအတွက် ကူပွန်ငွေပေးချေရမည် ဖြစ်သည်။

အိမ်ရာစီမံကိန်းရပ်ဆိုင်းသည်ဆိုသော ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့နေသည့် သတင်းကို ပြီးခဲ့သည့် သီတင်းပတ်က ငြင်းပယ်ပြီး နောက် တရုတ် ဆောက်လုပ်ရေးကုမ္ပဏီကြီး Yango Group Co. ၏ ပြည်တွင်းငွေချေးစာချုပ်များသည် အောက်တိုဘာ ၁၃ရက်တွက် ဆက်လက်ကျဆင်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly