နှစ်နှစ်တစ်ကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲက နိုင်ငံတွေကို အိပ်မက်မက်ခွင့်ပေးတယ်လို့ အင်ဖန်တီနို ပြော

နှစ်နှစ်တစ်ကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲက နိုင်ငံတွေကို အိပ်မက်မက်ခွင့်ပေးတယ်လို့ အင်ဖန်တီနို ပြော
Photo: EPA

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌ ဂီယာနီ အင်ဖန်တီနိုက နှစ်နှစ်တစ်ကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပမယ့် သူ့ရဲ့ အစီအစဉ်ကို သောကြာနေ့က ဗင်နီဇွဲလားသို့ အလည်အပတ်ခရီးစဉ်အတွင်း ကာကွယ်ပြောဆိုခဲ့ပါတယ်။

ဖီဖာဥက္ကဋ္ဌ သွားရောက်ခဲ့တဲ့ ဗင်နီဇွဲလားနိုင်ငံဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲကို တစ်ကြိမ်တစ်ခါမှ အောင်မြင်ခဲ့ခြင်းမရှိတဲ့ နိုင်ငံဖြစ်ပါတယ်။

အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါးရဲ့ ထောက်ခံမှုရရှိထားတဲ့ နှစ်နှစ်တစ်ကြိမ်ကမ္ဘာ့ဖလားစီမံကိန်းဟာ နည်းပြတွေနဲ့ ပညာရှင်တွေနည်းတူ ယူအီးအက်ဖ်နဲ့ တောင်အမေရိကဘောလုံးအဖွဲ့ချုပ်တို့ရဲ့ အပြင်းအထန် ဝေဖန်မှုတွေကို ခံနေရတာပါ။

"ဖီဖာလို ကျနော်တို့တွေရဲ့ အလုပ်က ဘောလုံးလောကကို ဘယ်လို တိုးတက်အောင်လုပ်ရမယ်၊ ဘောလုံးအားကစားကို အမှန်တကယ်ကမ္ဘာလုံးဆိုင်ရာဖြစ်လာစေနိုင်ရမယ်ဆိုတာကို အမြဲစဉ်းစားရမယ့် အကြောင်းပါပဲ။"လို့ အင်ဖန်တီနိုက ဗင်နီဇွဲလားမြို့တော် ကာရာကာ့စ်မှာ ကျင်းပတဲ့ ပွဲတစ်ခုမှာ ပြောပါတယ်။

"ဖီဖာဥက္ကဋ္ဌဟာ နိုင်ငံပေါင်း ၁၁၁ နိုင်ငံရဲ့ ဥက္ကဋ္ဌဖြစ်ပြီး ဒီနိုင်ငံတွေအားလုံးဟာ ဝင်ရောက်ယှဉ်ပြိုင်နိုင်မယ့် အိပ်မက်ကို မက်ပိုင်ခွင့်ရှိတယ်။ ဗင်နီဇွဲလားလက်ရွေးစင်အသင်းရဲ့ အိပ်မက်မက်ပိုင်ခွင့်လိုမျိုးပေါ့။

"သူတို့ အဲဒီအိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့လည်း လိုတယ်။ ဘာလို့လဲဆိုတော့ အကန့်အသတ်မရှိတဲ့ အိပ်မက်ရှိမယ်ဆိုရင် နောက်ဆုံး တခြားအရာတွေကို လုပ်ချင်မှာပါ။"

နှစ်နှစ်တစ်ကြိမ်ကမ္ဘာ့ဖလားပြိုင်ပွဲဟာ နိုင်ငံငယ်လေးတွေကို ယှဉ်ပြိုင်ခွင့်ရဖို့ အခွင့်အလမ်းတွေ ပိုမိုပေးလိမ့်မယ်လို့ အင်ဖန်တီနိုက အခိုင်အမာ ပြောဆိုခဲ့ပါတယ်။

"လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော်လောက်က ကမ္ဘာ့ဖလားကို လေးနှစ်တစ်ကြိမ် ကျင်းပဖို့ ဆုံးဖြတ်ခဲ့တုန်းက ဖီဖာဟာ နိုင်ငံ ၄၀ လောက်ပဲရှိခဲ့ပါတယ်။ ဒီကိစ္စကို ပြန်လည်ဆန်းစစ်ဖို့ အချိန်တန်ပါပြီ။"

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly