ဒုတိယကမ္ဘာစစ်အတွင်း ပစိဖိတ်ဒေသတွင် အကျအဆုံးအများဆုံး စစ်ပွဲတစ်ပွဲဖြစ်သည့် အိုကီနာဝါစစ်ပွဲ ပြီးဆုံးခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်ကို ဂျပန်တွင် ကျင်းပသည်။
အီတိုမန်မြို့တွင်းရှိ အထိမ်းအမှတ်နေရာသို့ ပန်းစည်းများချကာ လာရောက်ဆုတောင်းပေးသူပေါင်းမှာ ထောင်ပေါင်းများစွာရှိခဲ့ သည်။
အဆိုပါအထိမ်းအမှတ်အခမ်းအနားသို့ ဝန်ကြီးချုပ်ရှင်ဇိုအာဘေးကိုယ်တိုင်လည်း တက်ရောက်ခဲ့သည်။
မဟာမိတ်တပ်များနှင့် ရက်ပေါင်း ၈၂ ရက် စစ်ပွဲဖြစ်ပွားခဲ့သည့် အိုကီနာဝါတိုက်ပွဲတွင် ကျဆုံးစစ်သည်ပေါင်း တစ်သိန်းကျော် ထက်မနည်းရှိပြီး ဂျပန်စစ်သားများမှာ ၈၀၀၀၀ ခန့်ကျဆုံးခဲ့ခြင်းဖြစ်သည်။
ထိုအိုကီနာဝါကျွန်းစစ်ပွဲအတွင်း မဟာမိတ်အမေရိကန်တို့ဖက်က ကျဆုံးသည့် စစ်သားအရေအတွက်မှာ ၁၂၀၀၀ ကျော်ရှိခဲ့သည်။
အိုကီနာဝါကျွန်းသည် ဂျပန်ကို တိုက်ခိုက်ရန်အတွက် စစ်ဗျူဟာအရ အရေးပါသည့် နေရာအဖြစ် မဟာမိတ်များက အရတိုက်ယူ ခဲ့ခြင်းဖြစ်သည်။
Ref: BBC