တရုတ်စီးပွားရေးကျဆင်းမှု ဖြစ်ပေါ်နိုင်ကြောင်း သတိပေး

တရုတ်စီးပွားရေးကျဆင်းမှု ဖြစ်ပေါ်နိုင်ကြောင်း သတိပေး

တရုတ်စီးပွားရေးနှေးကွေးမှုသည် ကမ္ဘာ့စီးပွားရေးကို ရိုက်ခတ်စေနိုင်ပြီး ကုန်စည် ဈေးနှုန်းနှင့် ထုတ်လုပ်မှုကို ထိခိုက်စေနိုင်သည်ဟု ARK Invest မှ အလားလာရှိသည့်ရှယ်ယာများကို ရွေးချယ်ဝယ်ယူသူ ကာသေးဝုဒ်က အွန်လိုင်းအစည်းအဝေးတွင် အောက်တိုဘာ ၁၂ရက်က သတိပေးခဲ့သည်။

ဂိမ်းများထုတ်လုပ်သည့် စီးပွားရေးကဏ္ဍမှ ပညာရေးနှင့် ငွေကြေးကဏ္ဍများကို နှိမ်နင်းရန် မကြာသေးမီက တရုတ်အစိုးရ၏ ခြေလှမ်းများသည် မူဝါဒအမှားတစ်ခုဖြစ်နိုင်ပြီး စီးပွားရေးသိသိသာသာနှေးကွေးမှုကို ဖြစ်ပေါ်စေနိုင်သည်ဟု ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်၏ ထိပ်တန်း အောင်မြင်သော ရှယ်ယာရန်ပုံငွေ လုပ်ငန်း ဖြစ်ခဲ့သည့် ဒေါ်လာ ၁၉ ဒသမ၇ ဘီလီယံတန်ဖိုးရှိ Ark Innovation fund လုပ်ငန်းကို တည်ထောင်သူ ဝုဒ်က ပြောကြားခဲ့သည်။

"တရုတ်မူဝါဒချမှတ်သူတွေက မီးနဲ့ ကစားနေတယ်လို့ ထင်ပါတယ်" သူမက ပြောခဲ့သည်။ "ဒီ ၆လတာ ကာလကိုပြန်ကြည့်ရင် မမျှော်လင့်တဲ့ သိသိသာသာစီးပွားရေးနှေး ကွေးသွားမှု ထင်ထင်ရှားရှားဖြစ်နေတယ် မဟုတ်လား" ဟု သူမက ထပ်လောင်း ဆိုခဲ့သည်။

Tesla Incကုမ္ပဏီက ယမန်နှစ်ကထက် ခရီးသည်တင်မော်တော်ယာဉ်ရောင်းအား ၁၇ ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း လျှပ်စစ်ကားထုတ်လုပ်သည့် Tesla Incကုမ္ပဏီအပေါ်သူမ၏ ယုံကြည်ချက် အပြည့်အဝရှိမှုကို တရုတ်တွင် စက်တင်ဘာလက ကုမ္ပဏီ၏ ခိုင်မာသောရောင်းအားကို ကိုးကား၍ ထပ်လောင်း ပြောကြားခဲ့သည်။

ကပ်ရောဂါကာလအတွင်း ရှယ်ယာဈေးနှုန်းများ မြင့်တက်လာသော Tesla နှင့် Teledoc Health Incကဲ့သို့ သော ကုမ္ပဏီရှယ်ယာများအား အများအပြား အရဲစွန့်ဝယ်ယူမှုများကြောင့် ARK Innovation fund လုပ်ငန်းသည် ၂၀၂၀ပြည့်နှစ်က အမြတ်များခဲ့သည်။ ငွေကြေးဖောင်းပွမှုကို ရန်ပုံငွေလုပ်ငန်းအနေဖြင့် စိုးရိမ်ပူပန်မှုများရှိခဲ့သော်လည်း ငွေကြေးဖောင်းပွမှုနှုန်းသည် S & P 500 စံနှုန်းတွင် အကြမ်းဖျင်းအားဖြင့် ၁၇ ဒသမ ၁ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၂၁ခုနှစ် အတွက် ၁၁ ဒသမ ၄ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။

ထိပ်တန်း Tesla ၌ ၂ ဒသမ ၄ ရာခိုင်နှုန်း အမြတ်ရရှိခဲ့သောကြောင့် ARK Innovation ၏ ရှယ်ယာများသည် အောက်တိုဘာ ၁၂ရက် မွန်းလွဲပိုင်းတွင် ၁ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly