မွတ်စလင် မိဘမဲ့ မိန်းကလေးကို စောင့်ရှောက်ထားသည့် ဆစ်ခ်အမျိုးသမီး ကက်ရှ်မီးယားဒေသတွင် ပစ်သတ်ခံရ

By The Real Kasmir News
13 October 2021
မွတ်စလင် မိဘမဲ့ မိန်းကလေးကို စောင့်ရှောက်ထားသည့် ဆစ်ခ်အမျိုးသမီး ကက်ရှ်မီးယားဒေသတွင် ပစ်သတ်ခံရ

အိန္ဒိယနိုင်ငံ၊ ဂျမူးနှင့် ကက်ရှ်မီးယားဒေသရှိ ဆရီနဂါနယ်မြေ အာလိုချီဘတ်မြို့တွင် အကြမ်းဖက်သမားများ၏ သတ်ဖြတ်မှုကြောင့် သေဆုံးသွားခဲ့ရသူ ဆူပင်ဒါခိုအာ၏ အလောင်းအား နေအိမ်သို့ ပြန်လည်ယူဆောင်လာခြင်းကို ဝမ်းနည်းကြေကွဲစွာ စောင့်ဆိုင်းနေသည့် ဆွေမျိုးများနှင့် မိတ်ဆွေများတွင် သူမ၏ အိမ်နီချင်းဖြစ်သလို မောင်တစ်ဦးကဲ့သို့ ကြည့်ရှုစောင့်ရှောက်ပေးသူ အိမ်နီးချင်းတစ်ဦးဖြစ်သည့် ရှိုကတ်အာမတ်ဒါလည်း ပါဝင်သည်။ ထိုနေ့ မနက်ပိုင်းက အစ်ဒဂါမြို့ရှိ ဆန်ဂမ်းအရပ်ရှိ အစိုးရကျောင်းတစ်ကျောင်းတွင် ခိုအာနှင့်အတူ အခြားကျောင်းဆရာတစ်ဦးလည်း သတ်ဖြတ်ခံခဲ့ရသည်။

ဒါက ရှိုက်ကြီးတငင် ငိုကြွေးရင်း “ခိုအာက သူရဲ့လစာကို မွတ်စလင် မိဘမဲ့ မိန်းကလေးတစ်ဦးအတွက် သုံးစွတာပါ”

အသက် ၄၆ နှစ်ရှိပြီဖြစ်သော ခိုအာသည် ဆရီနဂါနယ်မြေ အစ်ဒဂါမြို့ရှိ အစိုးရ ယောက်ျားလေး အထက်တန်းကျောင်း၏ အကြီးအကဲဖြစ်ပြီး ဒီပက်ချန်းဆိုသည့် အခြား ကျောင်းဆရာတစ်ဦးနှင့်အတူ ကျောင်းဝင်းအတွင်း၌ ပစ်သတ်ခံခဲ့ရခြင်း ဖြစ်သည်။

ဆစ်ခ်လူမျိုးဖြစ်သူ ခိုအာသည် သူမ၏ လစာထက်ဝက်နီးပါးကို အကူအညီလိုအပ်နေသည့် မွတ်စလင်များအတွက် သုံးစွဲကြောင်း သူမ၏ အိမ်နီးချင်းဖြစ်သူ ဒါက ပြောကြားသည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်က ချန်နာပိုရာအရပ်ရှိ အစိုးရ အထက်တန်းကျောင်း၌ ခိုအာ တာဝန်ထမ်းဆောင်နေချိန်တွင် စောင့်ရှောက်မည့်သူမရှိသည့် မိဘမဲ့ မွတ်စလင် မိန်းကလေးတစ်ဦးကို စတင်တွေ့ရှိခဲ့သည်။

မိဘမဲ့ မိန်းကလေးကို သူမ၏ စရိတ်ဖြင့် ပြုစုစောင့်ရှောက်သွားမည်ဖြစ်ကြောင်း ခိုအာက ဒါအား ပြောပြထားသည်။

“သူတတ်နိုင်တဲ့ နည်းလမ်းနဲ့ပဲ မိန်းကလေးကို ထောက်ပံ့ဖို့ ပြောတဲအခါ ခိုအာက ဒီကလေးကို ကူညီဖို့အတွက် သူ့ရဲ့ လစာထဲက ရူပီး၂သောင်းကို လှူမယ်လို့ ပြောပါတယ်”

“အဲဒီလို လုပ်ဖို့ ကျွန်တော်က သဘောမတူဘဲ ကလေးမလေးကို တစ်နေရာရာမှာ ပို့ထားဖို့ ပြောခဲ့ပေမယ့် ခိုအာက ခုချိန်ထိ ကလေးစရိတ်တွေကို ပေးနေတုန်းပါပဲ” ဟု အသက် ၄၄ နှစ်အရွယ် မွတ်စလင်အိမ်နီးချင်း ဒါက ပြောသည်။

ခိုအာသည် ဆာနတ်နာဂါမြို့သူဖြစ်ပြီး အလိုချီဘတ်တွင် အိမ်ထောင်ကျကာ သူမတွင် ၁၁ နှစ်အရွယ် သမီးတစ်ဦးနှင့် ၄ နှစ်အရွယ် သားတစ်ဦးတို့လည်း ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly