ဆရီနဂါဒေသတွင် မုန်ညင်းဆီပင် စိုက်ပျိုးရေးမှ အကျိုးအမြတ်များ ရရှိ

By India Blooms
13 October 2021
ဆရီနဂါဒေသတွင် မုန်ညင်းဆီပင် စိုက်ပျိုးရေးမှ အကျိုးအမြတ်များ ရရှိ

အိန္ဒိယနိုင်ငံ၊ ကက်ရှ်မီးယားဒေသရှိ ဆရီနဂါခရိုင်တွင် မုန်ညင်းဆီပင် စိုက်ပျိုးရေး လှုပ်ရှားမှု အစီအစဉ် ဆက်လက်လုပ်ဆောင်သည့် အခမ်းအနားသို့ စိုက်ပျိုးရေးဌာန ညွှန်ကြားရေးမှူး ကက်ရှမာချောင်ဓရီမိုဟာမက်အစ်ကဘယ်သည် အောက်တိုဘာ ၁၀ ရက်က တက်ရောက်ခဲ့သည်။

မုန်ညင်းဆီပင်များကို စီးပွားဖြစ် စိုက်ပျိုးနိုင်ရန် ၎င်းတို့ဌာနက ကူညီပံ့ပိုးသွားမည်ဟုလည်း တိုင်ဘယ်နှင့် အနီးဝန်းကျင်ဒေသများရှိ လယ်သမားများနှင့် တွေ့ဆုံရာတွင် ညွှန်ကြားရေးမှူးက ပြောကြားခဲ့သည်။

ဌာနက ဖြန့်ဝေပေးသည့် အရည်အသွေးကောင် မုန်ညင်းစေ့များကို ခေတ်မီသိပ္ပံနည်းကျ စိုက်ပျိုးခြင်းဖြင့် လယ်သမားများအတွက် အကျိုးအမြတ်ပိုမိုရရှိစေနိုင်ကြောင်းလည်း ၎င်းက ပြောကြားသည်။

မုန်ညင်းဆီပင် စိုက်ပျိုးရေးသည် စီးပွားရေးအရ အကျိုးအမြတ်ဖြစ်ထွန်းစေသည့်အပြင် ရေရှည်ကောင်းမွန်သည့် လုပ်ငန်းဖြစ်သောကြောင့် စိုက်ခင်းများ တိုးချဲ့စိုက်ပျိုးရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။

ထွက်နှုန်းနှင့် အရည်အသွေးကောင်းသော မုန်ညင်းစေ့အပါအဝင် အခြားသော ကောက်ပဲသီးနှံအမျိုးအမည်သစ် များကိုလည်း ဌာနက ရှာဖွေဖြန့်ဖြူးပေးသွားမည်ဟု ၎င်းက ပြောကြားသည်။

စိုက်ပျိုးခြင်း၊ ခူးဆွတ်ခြင်းနှင့် ရိတ်သိမ်းပြီးနောက်ပိုင်း လုပ်ငန်းစဉ်များကို သိပ္ပံနည်းကျ လုပ်ဆောင်နိုင်ရန် မုန်ညင်းစိုက်တောင်သူများအား နောက်ဆုံးပေါ် နည်းပညာများကို အကူအညီပေးရေးအတွက်လည်း သက်ဆိုင်ရာ နယ်မြေအရာရှိများကို ၎င်းက တိုက်တွန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly