အာသံပြည်နယ်တွင် ကျူးကျော်နေထိုင်သူများအား ဖယ်ရှားခြင်းနှင့်ဆိုင်သည့် မှားယွင်းသော ထုတ်ပြန်ချက်ကို အိန္ဒိယကန့်ကွက်

အာသံပြည်နယ်တွင် ကျူးကျော်နေထိုင်သူများအား ဖယ်ရှားခြင်းနှင့်ဆိုင်သည့် မှားယွင်းသော ထုတ်ပြန်ချက်ကို အိန္ဒိယကန့်ကွက်

အာသံဒေသတွင် ကျူးကျော်နေထိုင်များအား ဖယ်ရှားခြင်းနှင့် ပတ်သက်၍ မှားယွင်းသော ထုတ်ပြန်ချက်အတွက် အစ္စလမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) အိန္ဒိယအစိုးရက ပြစ်တင်ဝေဖန်လိုက်ပြီး ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်နိုင်ခွင့်မရှိကြောင်းလည်း တုံ့ပြန်လိုက်သည်။

ပြည်ပရေးရာဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်အာရင်ဒမ်ဘက်ချီ၏ ထုတ်ပြန်ချက်တွင် အိန္ဒိယအစိုးရအနေဖြင့် အခြေအမြစ်မရှိသည့် ထုတ်ပြန်ချက်များကို ကန့်ကွက်ကြောင်းနှင့် နောင်တွင်လည်း ယင်းကဲ့သို့ ရည်ညွှန်းပြောဆိုမှုများကို မပြုလုပ်ရန် မျှော်လင့်ကြောင်း ဖော်ပြထားသည်။

“အိန္ဒိယနိုင်ငံ အာသံပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် စိတ်မကောင်းဖွယ်ရာ ဖြစ်ရပ်အပေါ် အချက်အလက်အရ မမှန်ကန်ပြီး မှားယွင်းသည့် ထုတ်ပြန်ချက်များပြုလုပ်ပြီး အိန္ဒိယနိုင်ငံ၏ ပြည်တွင်းရေးကို အစ္စလမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) က ထပ်မံမှတ်ချက်ပြုလာခြင်းသည် များစွာ စိတ်မကောင်းဖွယ်ရာ လုပ်ရပ်အဖြစ် အိန္ဒိယက သတ်မှတ်သည်။ ယခုဖြစ်စဉ်အပေါ် အိန္ဒိယအာဏာပိုင်များက ဥပဒေနဲ့အညီ

ဆောင်ရွက်လျက်ရှိသည်။ OIC အနေဖြင့် အိန္္ဒိယ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခွင့်မရှိသလို ကိုယ်ကျိုးအတ္တအတွက် အဖွဲ့အစည်းအား ထိခိုက်ပျက်စီးစေရန် မလုပ်ဆောင်သင့်ကြောင်း ထပ်မံပြောကြားလိုသည်” ဟု ပြည်ပရေးရာဝန်ကြီးဌာန၏ အောက်တိုဘာ ၈ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly