အစားအသောက် ပို့ဆောင်ရေးကုမ္ပဏီအပေါ် ဒဏ်ငွေအနည်းငယ်သာ ချမှတ်လိုက်ခြင်းကြောင့် တရုတ် နည်းပညာစတော့ရှယ်ယာဈေးနှုန်း ပြန်လက်မြင့်တက်လာ

အစားအသောက် ပို့ဆောင်ရေးကုမ္ပဏီအပေါ် ဒဏ်ငွေအနည်းငယ်သာ ချမှတ်လိုက်ခြင်းကြောင့် တရုတ် နည်းပညာစတော့ရှယ်ယာဈေးနှုန်း ပြန်လက်မြင့်တက်လာ

တရုတ် နိုင်ငံမှ အစားအသောက်ပို့ဆောင်ပေးသည့် ဝန်ဆောင်မှုကုမ္ပဏီကြီး Meituan အား မျှော်မှန်းထားသည်ထက် ပိုနည်းသည့် ဒဏ်ငွေပေးဆောင်ရခြင်းကြောင့် တရုတ်၏ နည်းပညာစတော့ရှယ်ယာဈေးနှုန်းများ အောက်တိုဘာ ၁၁ရက်က ပြန်လက်မြင့်တက်လာခဲ့သည်။

ဟောင်ကောင် Hang Seng Tech Index အညွှန်းကိန်းသည် အောက်တိုဘာ ၆ရက်က စာရင်းပိတ်ချိန်တွင် ၃ ဒသမ ၂ ရာခိုင်နှုန်းဖြင့် ၃ ရက် ဆက်တိုက်ခုန်တက်ခဲ့သော်လည်း၂၀၂၀ပြည့်နှစ်က တရားဝင်စာရင်းသွင်းပြီး ကတည်းက အနိမ့်ဆုံးဖြစ်သည်။

Meituanသည် ၈ ဒသမ၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ယင်းစီးပွားရေးလုပ်ငန်းပိုင်းတွင် ထိပ်တန်းအဆင့် ဈေးနှုန်းမြင့် တက်သည့် လုပ်ငန်းထဲမှ တစ်ခုဖြစ်သည်။

“အဂတိလိုက်စားမှုတိုက်ဖျက်ရေးပြစ်ဒဏ်အရ Meituan က စိုးရိမ်နေတာထက် ပိုပြီး ပြစ်ဒဏ်သက်သာလို့ တရုတ်ရဲ့ နည်းပညာကဏ္ဍကို နှိမ်နင်းရာမှဖြစ်ပေါ်လာနိုင်တဲ့ ပြစ်ဒဏ်တွေရဲ့ လေးနက်မှုတွေကို ရင်းနှီးမြှုပ်နှံသူတွေက ပြန်လည်စဉ်းစားလာနိုင်ပါတယ်” ဟု Bloomberg မှ ဆန်းစစ်လေ့လာသူ မက်သရူး ကန်တာမန်က ပြောကြားခဲ့သည်။

“ ဒါပေမယ့် မသေချာမရေရာမှုတွေရှိနေသေးပြီး အခြေအနေတွေ ပိုမိုရှင်းရှင်းလင်းလင်းဖြစ်သွားတဲ့အထိ ဒီကဏ္ဍမှာ ကျဆင်းမှုက လပေါင်းများစွာ ဆက်ရှိနေဦးမှာပါ”

အစိုးရက နည်းပညာဘီလီယံနာများအား ပြန်လည်ထိန်းချုပ်ရန်နှင့် သမ္မတရှီကျင့်ဖျင်၏ “ အားလုံး သာယာဝ ပြောရေး” စီးပွားရေးပုံစံ တိမ်းညွတ်ချက်နှင့် ဟန်ချက်ညီရေးအတွက် နည်းပညာကဏ္ဍကို တရုတ်အစိုးရက ပစ်မှတ်ထား နှိပ်ကွပ်နေသည်မှာ တစ်နှစ်နီးပါးရှိပြီဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာ ငွေချေးစာချုပ်များ များပြားလာခြင်းက နည်းပညာရှယ်ယာများ ဈေးနှုန်းကျဆင်းစေပြီး ယင်းတို့၏ တန်ဖိုးများနှင့် ပတ်သက်၍ စိုးရိမ်မှုများ ပြန်လည်မြင့်တက်လာခဲ့သည်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒင် ၂၀၂၁ခုနှစ် မကုန်မီ တရုတ်သမ္မတနှင့် တွေ့ဆုံရန် စီစဉ်နေသည်ဟူသော သတင်းကြောင့်လည်း နည်းပညာရှယ်ယာဈေးနှုန်းများ ပြန်လည် ဦးမော့လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly