Brave Bar ဖြစ်စဉ်တွင် ဖမ်းဆီးရမိသူများကို သဘာဝဘေးပုဒ်မဖြင့် အရေးယူ ထားသော်လည်း တရားရုံးသို့အမှုစွဲတင်ခြင်းမရှိသေး

Brave Bar ဖြစ်စဉ်တွင် ဖမ်းဆီးရမိသူများကို သဘာဝဘေးပုဒ်မဖြင့် အရေးယူ ထားသော်လည်း တရားရုံးသို့အမှုစွဲတင်ခြင်းမရှိသေး

အောက်တိုဘာ ၁၂

မရမ်းကုန်းမြို့နယ် ကန်ရိပ်သာလမ်း Brave Bar ဖြစ်စဉ်တွင် ဖမ်းဆီးခံရသော သူများကို သဘာဝဘေးပုဒ်မ ၃၀(က)ဖြင့် အမှုဖွင့် အရေးယူထားသည်ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက မဇ္ဈိမကိုပြောသည်။

အောက်တိုဘာ ၇ရက် ည ၁၁ နာရီကျော် အချိန်တွင် ဘိလိယက်၊ ကာရာအိုကေ နှင့် ကပွဲခန်းမများလည်းရှိသော ရန်ကုန်မြို့၏နာမည်ကျော် ဘားသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့တို့က ဝင်ရောက်ဖမ်းဆီးရာ ဆိုင်မန်နေ ဂျာအပါအဝင် ဆိုင်ဝန်ထမ်းများနှင့် လူငယ်အများစုဖြစ်သော လာရောက် ပျော်ပါးသူ ၂၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသည့်နေ့၌ပင် ၎င်းတို့ကို ကိုယ်တိုင်ခံဝန်လက်မှတ်ရေးထိုးစေကာ ပြန်လည်လွှတ်ပေးလိုက်‌သော်လည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၀(က)ဖြင့် အမှုဖွင့်ထားခဲ့သည်ဟုဆိုသည်။

သို့သော် ရဲတပ်ဖွဲ့က အမှုအား သက်ဆိုင်ရာ မရမ်းကုန်းမြို့နယ်တရားရုံးကို စွဲတင်ခြင်းမရှိသေးဟု ဆိုသည်။

ရန်ကုန်မြို့ရှိ လူမသိ သူမသိ ခိုးဖွင့်ထားသော Brave Bar အပါအဝင် KTV၊ BAR၊ ညကပွဲဘားများအနေဖြင့် ပိတ်ထားပေးရန် နှင့် ဆက်လက် ဖွင့်လှစ်ထား မည်ဆိုပါက အသက်အာမခံချက် လုံး၀မရှိကြောင်း YPDF ( Bahan) က စက်တင်ဘာ ၉ ရက်တွင် သတိပေးထားခဲ့ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly