ကွန်ဂို၏ ဒေါ်လာ ၆ ဘီလီယံတန် တရုတ်နှင့် သတ္တူတူးဖော်ရေး သဘောတူညီချက်သည် မမျှတကြောင်း အစီရင်ခံစာမူကြမ်း ဖော်ပြ

ကွန်ဂို၏ ဒေါ်လာ ၆ ဘီလီယံတန် တရုတ်နှင့် သတ္တူတူးဖော်ရေး သဘောတူညီချက်သည် မမျှတကြောင်း အစီရင်ခံစာမူကြမ်း ဖော်ပြ

ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံသည် ဒေါ်လာ ၆ ဘီလီယံ တန်ဖိုးရှိသော တရုတ်နှင့် ချုပ်ဆိုထားသည့် သတ္တုတွင်းအတွက် အခြေခံ အဆောက်အအုံဆိုင်ရာသဘောတူညီချက်ကို ပြန်လည်ညှိနှိုင်းသင့်ကြောင်း အစိုးရ၊ ကုမ္ပဏီများနှင့် တက်ကြွလှုပ်ရှားသူများ၏ ကမ္ဘာလုံးဆိုင်ရာအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့က ထုတ်ပြန်သည့် အစီရင်ခံစာမူကြမ်းက ဆိုသည်။

ရိုက်တာသတင်းဌာနက တွေ့မြင်ခဲ့သော အစီရင်ခံစာမူကြမ်းတွင် ၂၀ဝ၈ ခုနှစ်၌ ပထမဆုံးလက်မှတ်ရေးထိုးခဲ့သည့် ယင်းသဘော တူညီချက်သည်" မမျှတကြောင်း " နှင့် ၂၀၁၇ ခုနှစ်တွင် လျှို့ဝှက်စွာ လက်မှတ်ရေးထိုးထားသော ပြင်ဆင်ချက်အား ပယ်ဖျက်ရန် ကွန်ဂိုအစိုးရအား တိုက်တွန်းထားသည်။

အဆိုပါ ပြင်ဆင်ချက်တွင် တရုတ်သတ္ထုတွင်းရင်းနှီးမြှုပ်နှံသူများကို ငွေပေးချေရာတွင် မြန်မြန်ပြန်ပေးခိုင်းပြီး အခြေခံအဆောက်အအုံ ပိုင်းရင်းနှီးမြှုပ်နှံမှုတွင် ပြန်လည်ငွေထုတ်ပေးမှုကို နှေးကွေးအောင် ပြုလုပ်ထားသည်။

EITI ၏ နောက်ဆုံးထုတ် အစီရင်ခံစာကို အောက်တိုဘာလတွင် ထုတ်ပြန်နိုင်မည်ဟု မျှော်မှန်းထားပြီး ယင်းသည် ရေနံနှင့် သတ္တူတူးဖော်ရေးကဏ္ဍများမှ ဝင်ငွေစီးဆင်းမှုကို လေ့လာပြီး အဖွဲ့ဝင်အနေဖြင့် ကွန်ဂိုအပါအဝင် နိုင်ငံပေါင်း ၅၀ ကျော်တွင် လေ့လာပြီး ထုတ်ပြန်ချက်များ ထုတ်ဝေနေသည်။

အစီရင်ခံစာသည် ဥပဒေကြောင်းအရ ဖိအားမရှိသော်လည်း မူကြမ်း၏ အဓိကနိဂုံးချုပ်အပိုင်းကို မပြင်ဆင်ပါက တရုတ်ရင်းနှီးမြှုပ်နှံသူများနှင့် သတ္တုတူးဖော်ရေးစာချုပ်များမှ ပိုမိုအကျိုးရှိသော သဘောတူညီချက်များရရှိရန် ကွန်ဂိုအနေဖြင့် တရုတ်ကို ပိုမိုဖိအားပေးနိုင်မည်ဖြစ်သည်။

ကွန်ဂိုသည် တရားမျှတသောသဘောတူညီမှုမရရှိဟု ပြောကြားပြီးနောက် သမ္မတ ဖိလစ် စီစီခါဒီအစိုးရက ၂၀ဝ၈ခုနှစ်တွင် ချုပ်ဆိုခဲ့သည့် တရုတ်မိုလီဘတ်နမ် တန်ခဲဖန်ဂူရူမီ သတ္ထုတွင်း သဘောတူညီချက်နှင့် ရရှိနိုင်သည့် သတ္ထုပမာဏတို့ကိုပြန်လည်သုံးသပ်နေသည်။

ဝန်ကြီးချုပ် ဆာမာလူခွန်ဒီ ကန်က အောက်တိုဘာ ၇ရက်က ပြုလုပ်သည့် သတ္တုတူးဖော်ရေးညီလာခံတွင် “စာချုပ်ညှိနှိုင်းပြင်ဆင်မှု အချို့ရှိပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။

တရုတ်ရင်းနှီးမြှုပ်နှံသူများက သတ္ထုတူးဖော်ရေးလုပ်ငန်းအများစုအား ထိန်းချုပ်ထားသည်ကို ဆန့်ကျင်သည့် ယင်းလှုပ်ရှားမှုက ကမ္ဘာတွင် ဘတ္ထရီတွင်သုံးသော ကိုဘော့သတ္ထူနှင့် အာဖရိက၏ ထိပ်တန်းကြေးနီ တူးဖော်ထုတ်လုပ်သူ ဖြစ်သည့် ကွန်ဂိုနိုင်ငံ၏ ရှားပါးတုံ့ပြန်မှု ဖြစ်သည်။

၂၀ဝ၈ ခုနှစ်က သမ္မတဟောင်း ဂျိုးဇက် ကဘီလာအစိုးရနှင့် သဘောတူညီမှုအရ တရုတ်အစိုးရပိုင် Sinohydro Corp နှင့် China Railway Group Limited တို့သည် ကွန်ဂိုတွင် ကိုဘော့သတ္ထုနှင့် ကြေးနီဖက်စပ် ထုတ်လုပ်မှုမှရသော အကျိုးအမြတ်များဖြင့် လမ်းများနှင့် ဆေးရုံများတည်ဆောက်ရန် သဘောတူခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly