မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ တည်းခိုခန်း၊ကေတီဗွီနှင့်မာဆတ်ဆိုင်များ ၁၀ရက်ပိတ်ထားရန် သတိပေးထား

မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ တည်းခိုခန်း၊ကေတီဗွီနှင့်မာဆတ်ဆိုင်များ ၁၀ရက်ပိတ်ထားရန် သတိပေးထား

မြောက်ဥက္ကလာ ၊အောက်တိုဘာ -၁၁ ရက်

မြောက်ဥက္ကလာပမြို့နယ်အတွင်းမှာရှိသည့် တည်းခိုခန်း၊ကေတီဗွီနှင့် အနှိပ်ခန်းများကို အောက်တိုဘာ ၁၀ရက်နေ့မှစတင်ပြီး ၁၀ ရက်ပိတ်ထားရန်စစ်ကောင်စီတပ်များမှလာရောက်သတိပေး ထားသည်ဟုသိရသည်။

''ကျွန်တော်တို့ကို မနေ့ကစပြီးတော့ ၁၀ရက်တိတိပိတ်ထားရမယ်ပေါ့။သူတို့ပြောတာကတော့ ဒီမှာလက်ရှိဖွင့်ထားတဲ့ တည်းခိုခန်းတွေ၊KTVဆိုင်တွေ အနှိပ်ခန်းတွေလည်းအားလုံးပါတယ်။ လိုက်နာမှုမရှိဘူးဆိုရင်ထောင်ချမယ်လို့ပြောတယ်။ကျွန်တော်တို့ဆိုင်ကတော့ တနေ့ကအထိဖွင့်ထားသေးတယ်။သူတို့လာပြောတာနဲ့ မနေ့ကစပြီးပိတ်လိုက်တယ်။ကလေးတွေလည်း ရွာပြန်တဲ့သူကပြန်ပေါ့''ဟု အနှိပ်ခန်းဖွင့်ထားသည့်သူတစ်ဦးကပြောသည်။

မြောက်ဥက္ကလာပ အဝိုင်းကြီးတွင် အနှိပ်ခန်း၊KTV၊ တည်းခိုးခန်းနှင့်ဟိုတယ်အများစုဖွင့်လှစ်ထားရှိကြောင်းလည်းသိရသည်။

အောက်တိုဘာ ၈ ရက်နေ့ ရက်စွဲဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ ဆိပ်ကြီးခနောင်တိုမြို့နယ်နှင့် ဒလမြို့နယ်မှ အပ ကျန်မြို့နယ် ၃၁ မြို့နယ်အတွင်း လမ်းမကြီးများ၊ အများပြည်သူသွားရာလမ်း၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ်(သို့မဟုတ်)အများပြည်သူနှင့် ဆိုင်သောနေရာများ၌ လူ ငါဦး သို့မဟုတ် ငါးဦးထက်ပို၍ စုဝေးခြင်းမပြု လုပ်ရန်နှင့် ည ၁၀ နာရီမှ နံနက် ၄ နာရီအတွင်း ညမထွက်ရအမိန့် ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly